စမတ်နာရီများ ဝယ်ချင်တဲ့ ကွီးတို့အတွက် ယခုတစ်ခါမှာတော့ Luxury ဆန်ပြီး လူကြိုက်များနေတဲ့ Apple Watch စီးရီးများအကြောင်း ဖော်ပြပေးချင်ပါတယ်။

ဘယ် Apple Watch က လတ်တလောမှာ လူကြိုက်အများဆုံး စီးရီး ဖြစ်နေသလဲ။ ဘယ်အမျိုးအစားကို ဝယ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

Apple Watch Series 7

Series 7

Photo: Apple

ဒီအမျိုးအစားကတော့ ၂၀၂၁ က ထွက်ရှိခဲ့တဲ့ စမတ်နာရီလေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Display လေးကတော့ ခပ်ကြီးကြီးလေးနဲ့ အမိုက်စားပဲဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းကတော့ ၁၈ နာရီကြာ အထားခံပါတယ်။ ရေကူးလေ့ရှိတဲ့ ကွီးတို့ကတော့ Swim-Proof ဖြစ်တဲ့အတွက်ကြောင့် စိတ်ချလက်ချ ဝတ်ဆင်ထားနိုင်ပါတယ်။ Music Storage ပိုင်းအနေနဲ့ကတော့ 32 GB အထိ ဆံ့ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ သံလိုက်အားသွင်းကြိုးပဲဖြစ်ပါတယ်။ USB-C အားသွင်းကြိုးဖြစ်တဲ့အတွက်ကြောင့် အားသွင်းရတာလည်း အင်မတန်အဆင်ပြေမှာပါ။

Apple Watch SE

Apple Watch စီးရီး

Photo: Dcrainmaker

ဒီနာရီအမျိုးအစားကတော့ ၂၀၂၀၊ စက်တင်ဘာ ၁၅ ရက်နေ့တုန်းက ထွက်ရှိထားတာဖြစ်ပါတယ်။ WatchOS ၇.၀ ကို အသုံးပြုထားတာဖြစ်ပြီး ၉.၀ အထိ အဆင့်မြင့်တင်နိုင်ပါတယ်။ Storage အားဖြင့် 32GB ပါရှိတာဖြစ်ပြီး Swim-Proof လည်းဖြစ်တာကြောင့် စိတ်ချလက်ချ ဝတ်ဆင်ထားနိုင်ပါတယ်။ သူ့ရဲ့ ဘက္ထရီကြာချိန်ကလည်း အားသွင်းပြီးတဲ့အခါ ၁၈ နာရီကြာ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့  ၂၇၉ ဒေါ်လာ ပေးချေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထိုပမာဏနဲ့ဆိုရင်တော့ သူ့စခရင်မ်က ခပ်မှိန်မှိန်လေးပဲဖြစ်နေမှာဖြစ်ပြီး ECG လည်း ပါဝင်မှာမဟုတ်ပါဘူး။

တကယ်လို့ ကွီးတို့အနေနဲ့ နောက်ထပ် ဒေါ်လာ ၁၂၀ လောက် ထပ်ဆောင်းလိုက်မယ်ဆိုရင်တော့ စခရင်မ်သည် အမြဲတမ်း မြင်နေရမှာဖြစ်ပြီး ECG နှင့် SpO2 ကိုလည်း စစ်ဆေးနိုင်ပါသေးတယ်။

Apple Watch Series 3

Apple Watch စီးရီး

Photo: News18

ဒီစီးရီးလေးကတော့ ၂၀၁၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့တယ်ဆိုပေမယ့်လည်း ယနေ့အချိန်ထိ ၁၉၉ ဒေါ်လာနဲ့ ရောင်းချနေဆဲဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းအားဖြင့်တော့ ၁၈ နာရီကြာ အသုံးခံပါတယ်။ Swim-Proof လည်းဖြစ်တဲ့အတွက်ကြောင့် ရေကူးနေချိန်မှာ စိတ်ချလက်ချ ဝတ်ဆင်ထားနိုင်ပါတယ်။ GPS စနစ်လည်း ပါဝင်ပြီး အားကစားသမားများအတွက် အမိုက်စား Fitness-Tracking Features များလည်း ပါဝင်တာကြောင့် Apple Watch စီးရီး များထဲမှာမှ ဈေးအသက်သာဆုံးနဲ့ အမိုက်စားဖန်ရှင်များကိုပါ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Featured Image: Pocket-lint