ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ Apple ဟာ Pride Month ကို ဂုဏ်ပြုဖို့အတွက် မေလထဲမှာ Apple Watch အတွက် Pride Edition လက်ပတ် ကြိုးတွေကို မိတ်ဆက် ခဲ့ပါတယ်။

Photo : AppleInsider

Apple အနေနဲ့ ဒီနှစ်ထဲမှာတော့ ထိုကဲ့သို့ Pride Edition တွေ ထပ်ထုတ်သွားဖို့ ကြေညာထားတာမျိုး မရှိသေးပေမယ့် Mark Gurman ရဲ့ သတင်းစကားသာ အမှန်ဖြစ်မယ်ဆိုရင် Watch Series 7 အတွက် Pride ဗားရှင်း လက်ပတ်ကြိုးတွေ ယခုသီတင်းပတ်နှောင်းပိုင်းမှာ စတင်ရောက်ရှိလာဖွယ် ရှိနေပါတယ်။

Gurman က Apple Watch ရဲ့ Pride Edition အသစ်ကို ” မကြာမီအချိန်အတွင်း ” ထုတ်သွားတော့မယ်လို့ ပြောခဲ့ပေမယ့် သူ့အနေနဲ့ Apple Watch Pride Edition အသစ် ထုတ်မယ့် ရက်စွဲ အတိအကျကိုတော့ ထည့်ပြောသွားခြင်း မရှိပါဘူး။

Photo : Engadget

Apple ကနေ အခုလို Special Edition Apple Watch တွေကို မိတ်ဆက်ပြသတာဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ Apple ဟာ ပြီးခဲ့တဲ့နှစ်က Watch Series 6 Black Unity Limited Edition ကိုလည်း မိတ်ဆက်ခဲ့ဖူးပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာလည်း အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ Black Unity Braided Solo Loop ကို ၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Featured Photo : iDrop News