လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်ကြွက်သားအနှံ့များအားလုံးအတွက် ပြုလုပ်ပေးသင့်ပြီး သူ့ရက်နဲ့သူ အချိန်ပေးပြီး ပြုလုပ်မှသာ ခန္ဓာကိုယ်နေရာအနှံ့က ကြွက်သားများ တောင့်တင်းသန်မာလာမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းစလုပ်တဲ့ ပထမရက်မှာ ရင်အုပ်ကြွက်သားအတွက် Workout ပြုလုပ်သင့်ပြီး နောက်ရက်တွေမှာတော့ ပေါင်ကြွက်သား၊ လက်မောင်းကြွက်သား စသည်ဖြင့် သူ့ရက်နဲ့သူ ဆော့ကစားသင့်ပါတယ်။

ဒီတစ်ခေါက်မှာတော့ လက်မောင်းကြွက်သားအတွက် ဘယ်လို လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

Photo Source: Gifer.com

အရင်ဦးဆုံး လေ့ကျင့်ခန်းများ မစခင်မှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ဖို့မမေ့ပါနဲ့။ သွေးပူလေ့ကျင့်ခန်းပြီးမှ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းကို ဆက်လုပ်ပေးရပါမယ်။

ပထမဆုံးလေ့ကျင့်ခန်းကတော့ ဒိုက်ထိုးခြင်းပဲဖြစ်ပါတယ်။ အကြိမ်ရေ ၁၅ ကြိမ်ခန့် ဒိုက်ထိုးပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

Photo Source: Furthermore.equinox.com

အသင့်အနေအထားနဲ့ လက်နှစ်ဖက်ကို ဘေးမှာ ဆန့်တင်းထားပါ။ ထို့နောက် တံတောင်ကွေးပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သို့ နိမ့်ချလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ကို ပြန်လည်ဆန့်တန်းလိုက်တဲ့အချိန်မှာ ဘယ်ဒူးကို ရင်ဘက်ဆီသို့ ဆွဲယူလိုက်ပါ။ တစ်ဖန် ညာဒူးကို ရင်ဘက်ဆီသို့ ဆွဲယူပါ။

ထိုနည်းအတိုင်း ၁၅ ကြိမ် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃)

Photo Source: Medicalnewstoday.com

လေ့ကျင့်ခန်း (၃) ကိုတော့ လေ့ကျင့်ခန်း (၁) အတိုင်း အကြိမ်ရေ ၁၅ ကြိမ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

Photo Source: Flabfix.com

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားပါ။ အလေးတုံးနှစ်တုံး ကိုင်ချင်လည်း ရပါတယ်။ အလေးတုံးမရှိပါက အရွယ်အစားတူ ရေဘူးနှစ်ဘူးထဲသို့ ရေဖြည့်ပြီး ကိုင်ထားနိုင်ပါတယ်။

ထို့နောက် ဘယ်လက်ကို မိမိရှေ့တည့်တည့်သို့ ဖြောင့်နေအောင် ဆန့်တန်းလိုက်ပါ။ ဘယ်ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး ၁၅ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

Photo Source: Flabfix.com

ဒီလေ့ကျင့်ခန်းကတော့ စောစောက လေ့ကျင့်ခန်းနဲ့ ပုံစံအတူတူပါပဲ။ ကွဲသွားတာကတော့ လက်သီးကို အရှေ့သို့ မဆန့်တန်းတော့ဘဲ ခေါင်းပေါ်သို့ ဆန့်တန်းပေးရမှာပါ။

ဘယ်ညာတစ်လှည့်စီကို တစ်ကြိမ်၊ စုစုပေါင်း အကြိမ်ရေ ၁၅ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

Photo Source: Flabfix.com

လေ့ကျင့်ခန်း (၆)ကတော့ လေ့ကျင့်ခန်း (၄) အတိုင်း ပြုလုပ်ရမှာဖြစ်ပြီး စုစုပေါင်းအကြိမ်ရေ ၁၅ ကြိမ် ပြုလုပ်ရပါမယ်။