ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးသည် အံ့ဩဖွယ်ရာများနဲ့ ပြည့်နှက်နေပြီး သဘာဝတရားကြီးက အလိုအလျောက်ပေးထားတဲ့ ဆန်းကျယ်သော နေရာတွေ ၊ လူသားတွေ ဖန်တီးပြုလုပ်ထားတဲ့ လှပသော နေရာများ နဲ့ ပြည့်နှက်နေပါတယ်။ မတူညီသော ပထဝီဝင်တည်နေရာများ၊ ရာသီဥတုအခြေအနေများနှင့် ရာသီအလိုက်ပန်းပင်များ၊ ပန်းရောင်ရေကန်များ၊ ရင်သပ်ရှုမောဖွယ်ကောင်းသော လာဗင်ဒါ သို့မဟုတ် ကျူလစ်ခင်းများ၊ ခြောက်ခြားဖွယ် ချောက်များ၊ တောင်တန်းများနှင့် အခြားအံ့သြဖွယ်ကောင်းသော နေရာများက ကွီးတို့ကို လာရောက်လည်ပတ်ဖို့ ဆွဲဆောင်နေမှာပါ။ ဒါကြောင့် ကွီးတို့အတွက် တစ်ခါလောက်တော့ အရောက်သွားသင့်တဲ့ ကမ္ဘာပေါ်က မယုံနိုင်လောက်အောင် လှပ တဲ့နေရာတွေကို ဝေမျှပေးချင်ပါတယ်။

Hitachi Seaside Park, Japan

Photo : Flickr

တစ်ခါလောက်တော့ အရောက်သွားသင့်တဲ့ ကမ္ဘာပေါ်က မယုံနိုင်လောက်အောင် လှပ တဲ့နေရာ တစ်ခုကတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ Hitachi Seaside Park ပဲ ဖြစ်ပါတယ်။ ဧရိယာ ၁၉၀ ဟက်တာ ခန့် လွှမ်းခြုံထားတဲ့ အဆိုပါပန်းခြံက တစ်နှစ်ပတ်လုံး ပန်းများပွင့်နေပြီး တကယ်ကို လှပလွန်းပါတယ်။ ဒီပန်းခြံက ခရီးသွားများကို နွေဦးရာသီတွင် ပွင့်လန်းသော အပြာရောင် ပန်းပွင့်ပေါင်း ၄.၅ သန်းခန့် က ကြိုဆိုနေပါတယ်။ ပန်းခြံတွင် စက်ဘီးစီးသည့်လမ်းနှင့် အပန်းဖြေဥယျာဉ်ငယ် တစ်ခုတို့ ပါဝင်ပါတယ်။

Mendenhall Ice Caves, Juneau, Alaska

Photo : Secrete World

Mendenhall Glacier ကတော့ အမေရိကန်ပြည်ထောင်စု Alaska ပြည်နယ် အရှေ့တောင်ပိုင်းရှိ Juneau မြို့လယ်မှ ၁၂ မိုင်ခန့်အကွာ Mendenhall တောင်ကြားတွင် တည်ရှိပြီး ၁၃.၆ မိုင်ခန့် ရှည်လျားသော တကယ်ကို ရင်သပ်ရှုမောဖွယ် ရေခဲဂူ တစ်ခု ဖြစ်ပါတယ်။

Machu Picchu

Photo : Peru Grand Travel

နောက်ထပ်ဖော်ပြချင်တဲ့ နေရာတစ်ခုကတော့ ပီရူးနိုင်ငံတွင် အကျော်ကြားဆုံးနေရာဖြစ်ပြီး အံ့မခန်း ဗိသုကာလက်ရာများနှင့် ပတ်ဝန်းကျင်တောင်တန်းများရဲ့ ရှုခင်းများနဲ့ အသက်ရှုမှားလောက်စရာ ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်တဲ့ Machu Picchu ပဲ ဖြစ်ပါတယ်။

Black Forest, Germany

Photo : Imgur

Black Forest ကတော့ ပြင်သစ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဂျာမနီအနောက်တောင်ပိုင်းရှိ တောင်တန်းဒေသတစ်ခုဖြစ်ပါတယ်။ ထူထပ်ပြီး အမြဲစိမ်းသစ်တောများနှင့် လှပသောရွာများကြောင့် လူသိများပါတယ်။ ဒေသ၏အကြီးဆုံးမြို့ဖြစ်သော Freiburg သည် Gothic အဆောက်အအုံများဖြင့် ပြည့်နှက်နေပြီး စပျစ်ခြံများဝန်းရံထားတဲ့အတွက် ကမ္ဘာပေါ်က လှပတဲ့ နေရာများထဲက တစ်ခုဖြစ်ပါတယ်။

Blue Lagoon, Iceland

Photo : Pinterest

တစ်ခါလောက်တော့ အရောက်သွားသင့်တဲ့ ကမ္ဘာပေါ်က မယုံနိုင်လောက်အောင် လှပ တဲ့နေရာထဲမှာ Blue Lagoon လည်း အပါအဝင် ဖြစ်ပါတယ်။ Blue Lagoon သည် Iceland အနောက်တောင်ပိုင်းရှိ ဘူမိ ရေပူစမ်းတစ်ခု ဖြစ်ပါတယ်။ ရေပူစမ်းသည် Grindavík အနီးရှိ ချော်ရည်လယ်ကွင်းနှင့် Reykjanes ကျွန်းဆွယ်ရှိ Þorbjörn တောင်ရှေ့တွင် တည်ရှိပါတယ်။ အပန်းဖြေအနားယူ သူများအတွက် ‌ရွေးချယ်လို့ကောင်းတဲ့ နေရာလည်းဖြစ်ပါတယ်။

Source : Bored Panda, Harper’s Bazaar

Featured Photo : Global Weather