အိပ်ရာထဲမှာ ပုံမှန်ရိုးအီနေတဲ့ ပုံစံတွေကို ငြီးငွေ့ပြီး စွန့်စားမှုအသစ်တွေကို ရှာဖွေနေတဲ့ စုံတွဲတွေအတွက် Corkscrew ပုံစံက တကယ့်ကို စိတ်လှုပ်ရှားစရာ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုနဲ့ ပျော့ပျောင်းမှုကို အသုံးချရတဲ့ ပုံစံတစ်မျိုး ဖြစ်တာကြောင့် ညတိုင်း လုပ်ဆောင်ဖို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ချစ်သူနှစ်ဦးကြားက အချိန်တွေကို ပိုမိုဆန်းသစ်ပြီး မမေ့နိုင်စရာဖြစ်အောင် ဖန်တီးချင်တဲ့ ညမျိုးတွေမှာတော့ မဖြစ်မနေ စမ်းသပ်ကြည့်သင့်တဲ့ ပျော်စရာပုံစံတစ်ခု ဖြစ်ပါတယ်။

အဲဒီပုံစံကို နားလည်အောင် ပြောရရင် နာမည်ကြီး Pile Driver ပုံစံကို တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းပြီး ဆန်းသစ်ထားတဲ့ ပုံစံကွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ စတင်ဖို့အတွက် လက်ခံမယ့်သူက ကြမ်းပြင်ပေါ်မှာ ပက်လက်လှဲအိပ်ပြီး တင်ပါးကို အပေါ်မြှောက်ကာ ခြေထောက်တွေကို ခေါင်းပေါ်ကျော်အောင် ဆန့်တင်ထားရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ဟန်ချက်မပျက်အောင် လက်တွေကို ခြေထောက်နဲ့ ဆန့်ကျင်ဘက် ကြမ်းပြင်ပေါ်မှာ ဆန့်တန်းထားနိုင်သလို လက်ကိုကွေးပြီး ခါးကို ထောက်ပေးထားလို့လည်း ရပါတယ်။

တကယ်လို့ ခန္ဓာကိုယ် ပျော့ပျောင်းသူ ဖြစ်မယ်ဆိုရင် ခြေထောက် ဒါမှမဟုတ် ဒူးခေါင်းတွေကို ခေါင်းအနောက်ဘက် ကြမ်းပြင်ပေါ်မှာ ချထားနိုင်ပြီး အဲဒီလို မလုပ်နိုင်ရင်လည်း လေထဲမှာပဲ မြှောက်ထားလို့ ရပါတယ်။ အဲဒီနောက် ဆက်ဆံမယ့်သူက အဖော်ကို ကျောခိုင်းပြီး တင်ပါးပေါ်မှာ ခွထိုင်ကာ ဒူးကိုကွေးပြီး ထိုးသွင်းရမှာ ဖြစ်ပါတယ်။ လှုပ်ရှားတဲ့အခါ အဖော်ရဲ့ တင်ပါး ဒါမှမဟုတ် ပေါင်ကို ကိုင်ပြီး ဟန်ချက်ထိန်းထားနိုင်ကာ ခပ်ဖြည်းဖြည်း ထိုင်ထလုပ်သလိုမျိုး လှုပ်ရှားနိုင်သလို တင်ပါးကို စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်ပြီးလည်း အရှိန်မြှင့်နိုင်ပါတယ်။

အားစိုက်ထုတ်ရပေမယ့် Corkscrew ပုံစံကို ဘာကြောင့် စမ်းသပ်ကြည့်သင့်တာလဲဆိုရင် နှစ်ဦးစလုံးအတွက် ပုံမှန်ထက် ပိုမိုကျပ်တည်းပြီး ထိမိတဲ့ ခံစားချက်ကို အပြည့်အဝ ပေးစွမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါမှ မကြုံဖူးသေးတဲ့ ဆန်းသစ်တဲ့ ထောင့်အနေအထားတစ်ခုကို ရရှိစေတာကြောင့် စုံတွဲတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အတွေ့အကြုံသစ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။

Ref: mensjournal