ဘီယာသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း နီးပါးက ထုတ်လုပ်နေတဲ့ အရာတစ်မျိုးပဲဖြစ်ပါတယ်။ တစ်ယောက်တည်းပဲ ဘီယာ သောက်သောက်၊ သူငယ်ချင်း မိတ်ဆွေများနှင့်ပဲ အချိန်အတူတူ ကုန်ဆုံး ကုန်ဆုံး ဘီယာသည် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံအသီးသီးက အကောင်းစား ဘီယာ များကို ထုတ်လုပ်လျက်ရှိတဲ့အနက် လူကြိုက်အများဆုံးနှင့် အကောင်းစား ဘီယာများကို ဖော်ပြပေးလိုက်ရပါတယ်။

Kingfisher

Photo: Commons.wikimedia.org

ဒီဘီယာအမျိုးအစားကတော့ အိန္ဒိယနိုင်ငံထုတ် ဘီယာလေးပဲဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့ရာမှ ယခုဆိုလျှင် တဖြည်းဖြည်း လူကြိုက်များလာတာပဲဖြစ်ပါတယ်။

Tsingtao

Photo: Brewpublic

Tsingtao ကတော့ တရုတ်နိုင်ငံထုတ် ဘီယာအမျိုးအစားပဲဖြစ်ပါတယ်။ သူသည် ၁၉၀၃ ခုနှစ်ကတည်းက ဂျမနီနှင့် အင်္ဂလိပ်တို့ရဲ့ အရက်ချက်နည်းတို့ကို ရောစပ်သုံးစွဲလာခဲ့တာဖြစ်ပါတယ်။ ထိုဘီယာ ချက်လုပ်ဖို့ရန်အတွက် Laoshan တောင်မှ တောင်ကျရေများကို အသုံးပြုကာ ဖော်စပ်ထားတာပဲဖြစ်ပါတယ်။

Red Stripe

Photo: Heb

ဒီဘီယာကတော့ ဂျာမေနီကာ နိုင်ငံထုတ် ဘီယာတစ်မျိုးဖြစ်ပါတယ်။။ ကနေဒါနိုင်ငံထုတ် အစေ့အဆံများကို အရည်ဖျော်ကာ အမေရိကန်နိုင်ငံရှိ Yakuma တောင်ဝှမ်းရှိ ရေနှင့် ဂျာမေနီကာနိုင်ငံရှိ လတ်ဆတ်သော တွင်းရေ တို့ကို အသုံးပြုကာ ဖော်စပ်ထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ အရသာက ကမ္ဘာ ပေါ်ရှိ လူကြိုက်များနေတဲ့ ဘီယာ တစ်မျိုးအဖြစ် သတ်မှတ်ခံထားရတဲ့အထိ ထိုက်တန်ပါတယ်။

Brewdog

Photo: Brewdog

ဒီအမျိုးအစားကတော့ စကော့တလန်နိုင်ငံထုတ်ဖြစ်ပါတယ်။ အကောင်းစားဘီယာများထဲတွင် သူ့ကိုလည်း ချန်လှပ်ထားခဲ့လို့ မရနိုင်ပါဘူး။

Singha

Photo: Singhabeerusa

ဒီဘီယာကတော့ ထိုင်းနိုင်ငံထုတ် ဘီယာပဲဖြစ်ပါတယ်။ ရှေးခတ် ဘီယာ ချက်လုပ်နည်းကို အသုံးပြုထားတဲ့အတွက်ကြောင့် လူကြိုက်များနေရခြင်းဖြစ်ပါတယ်။

Pacifico

Photo: Liquor

ဒီဘီယာကတော့ မက်ဆီကိုနိုင်ငံထုတ် ဘီယာတစ်မျိုးဖြစ်ပြီး သူ့ကို နာမည်ပေးဖြစ်ပုံကတော့ ပစိဖိတ် ပင်လယ်သမုဒ္ဒရာကို အစွဲပြုကာ အမည်ပေးထားခြင်းဖြစ်ပါတယ်။

Hanoi Beer

Photo: Oldrichmondcellars

ဒီဘီယာအမျိုးအစားကတော့ ကွီးတို့အားလုံး သိပြီးသားပဲဖြစ်မှာပါ။ ဗီယက်နမ်နိုင်ငံထုတ် ဘီယာတစ်မျိုးဖြစ်ပြီး ဈေးနှုန်းလည်း သက်သာတဲ့ ဘီယာတစ်မျိုးပါ။

Alpha Pale Ale

Photo: Brewsnews

သြစတျေးလျနိုင်ငံထုတ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တုန်းကဆိုရင် လူကြိုက်အများဆုံး နံပါတ် (၁) ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Estrella Damm

Photo: Binnys

၁၈၇၆ ခုနှစ်ကတည်းက ဘာစီလိုနာတွင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး စပိန်နိုင်ငံထုတ် ဘီယာတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့အမျိုးအစားက လူကြိုက်များပြီး Luxury ဆန်တဲ့ ဘီယာအမျိုးအစားတစ်ခုဖြစ်ပါတယ်။

Quilmes

Photo: Puertolaboca

ဒီဘီယာလေးရဲ့ အရသာကတော့ လူကို စိတ်ဓာတ် တက်ကြွလန်းဆန်းလာစေနိုင်တဲ့အထိ အရသာ ထူးကဲကောင်းမွန်ပါတယ်။ ထိုဘီယာကို ကျိုချက်ဖို့ရန်အတွက် အာဂျင်တီးနားနိုင်ငံရဲ့ တောင်ပိုင်းရှိ တောင်တန်းများမှ စီးကျလာတဲ့ တောင်ကျရေများကို အသုံးပြုကာ ကျိုချက်ထားတာပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးက ထုတ်လုပ်ထားတဲ့ ဘီယာ အမျိုးအစားများအနက် ဘယ်ဘီယာကို အနှစ်သက်ဆုံးပါလဲ။​

Source: Tropicalsky

Featured Image: Freepik