ချစ်တင်းနှောတိုင်းမှာ ကိုယ့်ပါတနာက အထွတ်အထိပ် ခံစားမှု ကောင်းကောင်းမရတဲ့ ပြဿနာ ကြုံနေရပြီလား ? ယေဘုယျအားဖြင့်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အထွတ်အထိပ်ခံစားမှုကို ရဖို့ ပိုကြာပိုခက် ကြပါတယ်။ ဒါပေမယ့် ချစ်တင်းနှောတိုင်းမှာ အော်ဂဇင် ခံစားမှုကို မရဘူး ဖြစ်နေတယ် ၊ စိတ်ကျေနပ်စရာ လိင်မှုဘဝနဲ့ လွဲချော်နေတယ်ဆိုရင်တော့ ကွီးတို့ ဒီ Tricks လေးတွေ လုပ်ဆောင်ကြည့်လိုက်ပါ။

(၁) နူးနပ်ဖို့ အချိန်ယူပါ

Photo : Newsweek

ချစ်တင်းနှောတဲ့အခါ Foreplay အတွက် သေချာ အချိန်ပေးကို ပေးရပါမယ်။ Foreplay အဆင့်မှာ စိတ်ခံစားမှုတွေ အမြင့်ဆုံးထိ နိုးကြားတက်ကြွလာအောင် နှိုးဆွလှုံ့ဆော်ပေးတာက ဆက်ဆံချိန်မှာ ခံစားမှုပိုကောင်းသလို အထွတ်အထိပ် ခံစားမှုကို ထိထိမိမိ ရောက်ရှိစေဖို့လည်း အကူအညီ ဖြစ်စေပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါ အနည်းဆုံး မိနစ် ၂၀ ကနေ မိနစ် ၃၀ ခန့်အထိ Foreplay ကို အချိန်ယူလုပ်ဆောင်ဖို့ လိုပါမယ်။

(၂) နှစ်ပါးသွားနေတုန်းမှာ အကွက်လေးတွေ ရွေ့ပါ

Photo : Life Begins At Magazine

Foreplay အဆင့်ပြီးလို့ နှစ်ဦးသား နှစ်ပါးသွားကတဲ့ အဆင့်ကို တက်လှမ်းကြမယ် ဆိုပါစို့။ ဒီနေရာမှာ အရေးကြီးတဲ့ လှည့်ကွက်လေးတစ်ခု ရှိပါတယ်။ ဒါကတော့ ပါတနာရဲ့ ခန္ဓာကိုယ်ပေါ်က Erogenous Zones လေးတွေကို လိုက်လံနှိုးဆွရင်း ချစ်တင်းနှောတဲ့ နည်းလမ်းပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ လည်ပင်း ၊ နားအနောက်ဖက် ၊ ရင်သားတို့လို အထိအတွေ့ အာရုံခံစားမှုမြင့်တဲ့ ဧရိယာအစိတ်အပိုင်းတွေ ရှိပါတယ်။ ဒီလို Erogenous Zones တွေကို နှိုးဆွပွတ်သပ်ရင်း ချစ်တင်းနှောတာက အထွတ်အထိပ် ခံစားမှုရောက်ရှိစေဖို့ အကူညီ ဖြစ်စေပါတယ်။

(၃) သိုင်းကွက် ချိန်းပေးပါ

Photo : Closer magazine

ချစ်တင်းနှောတဲ့အခါ သိုင်းကွက် တစ်ခုတည်းကိုပဲ ဆက်တိုက်ကြီး မသွားသင့်ပါဘူး။ နှစ်ဦးနှစ်ဖက် ခံစားမှုပိုကောင်းစေမယ့် မတူညီတဲ့ သိုင်းကွက်လေးတွေကိုလည်း ပြောင်းလဲအသုံးပြု သင့်ပါတယ်။ သိုင်းကွက် အပြောင်းအလဲ လုပ်ဆောင်တာက နှစ်ဦးသား ရင်ခုန်စိတ်လှုပ်ရှားမှုကို ပိုတိုးစေသလို ခံစားမှု အထွတ်အထိပ် ကိုရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ပါတယ်။

Source : Healthshots

Featured Photo : Counseling Phoenix Scottsdale