ယနေ့ခေတ်မှာ နည်းပညာရဲ့ ဖွံ့ဖြိုးတိုးတတ်မှုများကြောင့် သင်ယူလေ့လာမှုများမှာလည်း များစွာ အထောက်အကူပြုလာပါတယ်။ တစ်ခုခုကို လေ့လာချင်ရင် Online ကနေပဲ လေ့လာဖို့အတွက် YouTube ချန်နယ်တွေ ၊ Websites တွေ ၊ Apps တွေက အလွယ်တကူ ရရှိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဂျပန်ဘာသာ စကားလေ့လာနေတဲ့ ကွီးတို့အတွက် အထောက်အကူပြုစေမဲ့ Apps များကို ဖော်ပြပေးချင်ပါတယ်။

(၁) Learn Japanese Phrases by Bravolol

Photo : Google Play

ပထမဆုံးဖော်ပြချင်တဲ့ ဒီ App လေးကတော့ အခုမှ ဂျပန်ဘာသာ စကားကို စတင်လေ့လာမဲ့ ကွီးတို့အတွက် တကယ်ကို အထောက်အကူပြုစေမဲ့ Apps များထဲက တစ်ခုပါ။ စတင်လေ့လာသူများအတွက် ဝေါဟာရနှင့် အသံထွက်များပါရှိပြီး ရာနှင့်ချီသော လူသုံးများတဲ့ စကားလုံးများနဲ့ စကားစုများကို လေ့လာရန် အဆင်ပြေတဲ့ App တစ်ခုပါ။ ၎င်းမှာ နှုတ်ဆက်ခြင်း၊ စားသောက်ခြင်းနဲ့ အချစ်ဇာတ်လမ်းများကဲ့သို့ ကဏ္ဍအလိုက် အကြောင်းအရာ စုံစုံလင်လင် ပါရှိပါတယ်။

(၂) Memrise

Photo : Wikipedia

ဒီ App ကတော့ ဂျပန်လူမျိုးများ ကိုယ်တိုင်ပြောထားသကဲ့သို့ အသံထွက်မှန်မှန်ကန်ကန်နဲ့ ဂျပန်စကားစုများကို လေ့လာနိုင်တဲ့ ဝေါဟာရ App တစ်ခုဖြစ်ပါတယ်။ ဒီ App မှာ ပျော်ရွှင်စရာ ကာတွန်းများဖြင့် ပုံဖော်ထားပြီး ဗီဒီယိုဂိမ်းတစ်ခုကဲ့သို့ ဖန်တီးထားသောကြောင့် ဒီ App နဲ့ ဂျပန်စာလေ့လာမယ်ဆိုရင် ကွီးတို့ကို ပျော်စရာကောင်းစေမှာပါ။

(၃) Tae Kim’s Guide to Learning Japanese

Photo :Google Play

ဂျပန်သဒ္ဒါများကို လေ့လာဖို့အတွက် အကောင်းဆုံး Apps များထဲကတစ်ခုပါ။ ဒီ App က ဒစ်ဂျစ်တယ် စာအုပ်တစ်အုပ်နှင့် ခပ်ဆင်ဆင်တူပြီး သဒ္ဒါနားလည်မှု အားကောင်းစေရန် ဂျပန်သဒ္ဒါ ရဲ့ အရေးကြီးသော Points များကို နည်းကျကျ သင်ပေးနိုင်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။

(၄) Bunpo

Photo : Google Play

ဂျပန်ဘာသာ စကားလေ့လာနေတဲ့ ကွီးတို့အတွက် အထောက်အကူပြုစေမဲ့ Apps များထဲက‌ နောက်ထပ်ဖော်ပြချင်တဲ့ App တစ်ခုကတော့ Bunpo ပဲ ဖြစ်ပါတယ်။ ဒီ App မှာ JLPT အတွက် သဒ္ဒါအချက်များအားလုံးကို လေ့လာနိုင်တဲ့အပြင် အခြားသောသင်ခန်းစာများပါ ပါဝင်တဲ့အတွက် ပြီးပြည့်စုံသော App တစ်ခုလို့ ပြောလို့ရပါတယ်။ JLPT ဖြေမဲ့ ကွီးတို့ ပိုပြီး သဒ္ဒါစွမ်းရည်နဲ့ နားလည်နိုင်မှု အားကောင်းချင်ပါက Bunpo ကို ဒေါင်းလုဒ် ဆွဲထားဖို့ မမေ့ပါနဲ့။

(၅) Busuu

Photo : Google Play

ဒီ App လေးကတော့ ဂျပန် စကားပြောကို အလေးပေးပြီး တင်ပြထားတဲ့ လျင်မြန်သော နေ့စဉ်သင်ခန်းစာ အတိုလေးများ ပါရှိပါတယ်။ ဒီ App လေးမှာ ဝေါဟာရအပြင် သဒ္ဒါ ၊ အသံထွက် ၊ အရေးအသား ၊ စာဖတ်ခြင်းနှင့် စကားပြောစွမ်းရည်များကိုလည်း သင်ကြားပေးပါတယ်။ တစ်နေ့ကို အချိန်နည်းနည်းပေးပြီး ဂျပန် ဘာသာစကားလေ့လာဖို့အတွက်ဆိုရင် အဆင်ပြေတဲ့ App လေးပါပဲ။

(၆) Japanese by Renzo

Photo : Google Play

Japanese by Renzo ဆိုတဲ့ App လေးကတော့ ဥပမာ စာကြောင်းများစွာကို သေချာလေ့လာနိုင်တဲ့ အပြင် အဘိဓာန်ပါ ပါဝင်တဲ့ App လေးပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ်သိချင်တဲ့ ဥပမာစာကြောင်းတွေကို လေ့လာချင်ရင်တော့ ဒေါင်းလုဒ်ဆွဲထားသင့်တဲ့ App လေးပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ဂျပန်ဘာသာ လေ့လာရာမှာ အထောက်အကူပြုတဲ့ Apps လေးတွေ ဖြစ်ပြီး Android ရော iOS မှာပါ အခမဲ့ ရယူနိုင်ပါတယ်။

Source : Fluentu

Featured Photo : Japan Times