အမျိုးသားတိုင်းမှာ ခါးပတ်တစ်ခုတော့ ရှိကြတယ် မဟုတ်ပါလား။ ခါးပတ်တွေဟာ အမျိုးသားတိုင်းမှာ ရှိသင့်တဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုပါ။ ခါးပတ် တွေဟာ ကွီးတို့ဘောင်းဘီကို ပိုမို မြဲမြံအောင် ပံ့ပိုးပေးနိုင်ရုံသာမက ခါးပတ်တွေက ကွီးတို့ရဲ့ဝတ်စားဆင်ယင်မှုရဲ့ အလုံးစုံအသွင်အပြင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် ခါးပတ်တွေဟာ အမျိုးသားတို့ ဖက်ရှင်မှာ အရေးပါတဲ့ နေရာကနေ ပါဝင်လာပါတယ်။ ခါးပတ်များက ဖက်ရှင်ကျတဲ့ အမျိုးသားအားလုံးရဲ့ မရှိမဖြစ်လို့ပဲတောင် ပြောလို့ရနေပါပြီ။ ဒီဆောင်ပါးလေးမှာတော့ ကွီးတို့ရဲ့ စတိုင်လ်ကို မြှင့်တင်ပေးနိုင်မဲ့ ဈေးသင့်သော ခါးပတ်များ ကို ဖော်ပြပေးချင်ပါတယ်။

Amazon Essentials

Photo : Amazon.com

ကွီးတို့ စတိုင်လ်ကို မြှင့်တင်ပေးနိုင်မဲ့ အကောင်းဆုံး ခါးပတ်များ ထဲကတစ်ခုကို ပြောရမယ်ဆိုရင် Amazon Essentials ရဲ့ Classic Dress Belt ပဲ ဖြစ်ပါတယ်။ ဒီခါးပတ်တွေက Amazon Essentials ရဲ့ ထုံးစံအတိုင်း ပေါ့ပါးပြီး အမိုက်စား စတိုင်လ်တစ်ခု ရှိပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျချင်တဲ့ ကွီးတို့ ရွေးချယ်သင့်တဲ့ ခါးပတ်တစ်ခုပါပဲ။ သူရဲ့ ဈေးနှုန်းကတော့ ၁၉ ဒေါ်လာ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

Dickies

Photo : Amazon.com

နောက်ထပ်ဖော်ပြချင်တာကတော့ Dickies ရဲ့ Leather Double Prong Belt ပဲ ဖြစ်ပါတယ်။ ဒီခါးပတ်တွေက Heavy-Duty Pants တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အလိုက်ဖက်ဆုံးပါပဲ။ အမိုက်စား စတိုင်လ်ဝတ်ဆင်ချင်တဲ့ ကွီးတို့အတွက်လည်း ရွေးချယ်သင့်တဲ့ ခါးပတ်တွေပါပဲ။ သူ့ရဲ့ ဈေးနှုန်းကတော့ ၁၈ ဒေါ်လာခန့် ရှိပါတယ်။

Timberland

Photo : eBay

Timberland ရဲ့ Classic Jean Belt တွေက ဝတ်ဆင်သူ ကွီးတို့ကို ဂန္ထဝင်စတိုင်လ် ပေးစွမ်းနိုင်မှာပါ။ ဒီ ခါးပတ်တွေက အရောင်လေးမျိုးနဲ့ ထွက်ရှိထားပြီး ကွီးတို့ တွဲဖက်ဝတ်ဆင်မဲ့ ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Arcade Belt Co.

Photo : Roller’n Co

Arcade Belt Co. ရဲ့ Ranger Open Range Belt က စွန့်စားသူများအတွက် ထုတ်လုပ်ထားသော ခါးပတ် အမျိုးအစားလို့ ပြောလို့ရပါတယ်။ ဒီခါးပတ်များက ဆန့်ထုတ်နိုင်ရုံမျှမက အကြမ်းခံသော အမျှင်များနှင့် ပြုလုပ်ထားပြီး အစိုဓာတ်ထိန်းပေးပြီး အခြောက်ခံနိုင်သော ဂုဏ်သတ္တိများရှိပါတယ်။ ခရီးသွားတဲ့နေရာမှာ ပေါ့ပေါ့ပါးပါးနဲ့ အထူးကောင်းမွန်ပြီး တမူထူးခြားတဲ့ စတိုင်လ်ကို ပေးစွမ်းနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

L.L.Bean

Photo : L.L.Bean

အမျိုးသားတို့ရဲ့ စတိုင်လ်ကို မြှင့်တင်ပေးမဲ့ ဈေးသင့်သော အကောင်းဆုံး ခါးပတ်များ ထဲမှာ L.L.Bean ရဲ့ Essential Leather Belt လည်း အပါအဝင် ဖြစ်ပါတယ်။ ဒီခါးပတ် Brand က ယုံကြည်စိတ်ချရသော Brands များထဲက တစ်ခုပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Vans

Photo : Amazon.com

ပေါ့ပေါ့ပါးပါးနဲ့ အမိုက်စား စတိုင်လ်ကို ပေးစွမ်းနိုင်မဲ့ ခါးပတ်တစ်ခုကို ရှာနေတယ်ဆိုရင် ကွီးတို့ တော်တော်များများ သဘောကျလောက်တဲ့ Vans ရဲ့ Web Belt ရှိပါတယ်။ သူ့ရဲ့ ဈေးနှုန်းကလည်း ဒေါ်လာ ၂၀ ခန့်ရှိပါတယ်။

Source : Esquire

Featured Photo : The Adult Man