နည်းပညာတွေ ဖွံ့ဖြိုးတိုးတတ်လာတာနဲ့အမျှ လူတို့အတွက် အသုံးအဆောင်များကလည်း တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးတိုးတတ်လာနေပါတယ်။ အရှိန်အဟုန်နဲ့တိုးတတ်လာတဲ့ လူသားတွေအတွက် အသုံးအဆောင်များထဲမှာ Smart Watches များလည်း အပါအဝင် ဖြစ်ပါတယ်။ စမတ်ဖုန်းများနှင့်မတူဘဲ၊ Smart Watches များက နည်းပညာရဲ့ မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းများ မဟုတ်သော်လည်း၊ ၎င်းတို့က ကွီးတို့ရဲ့ တစ်နေ့တာဖြတ်သန်းမှုကို ပိုမိုလွယ်ကူစေမှာတော့ သေချာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ၂၀၂၂ ခုနှစ်အတွက် ပုရိသတို့ အကြိုက်တွေ့စေမဲ့ အကောင်းဆုံး Smart Watches များ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Apple Watch Ultra

Photo : Trusted Reviews

iOS ကိုမှ ကြိုက်နှစ်သက်တဲ့ ပုရိသတို့ အတွက် အကြိုက်တွေ့စေမဲ့ Smart Watches များထဲကတစ်ခုကတော့ Apple Watch Ultra ပဲဖြစ်ပါတယ်။ ၎င်းမှာ အဆင့်မြင့် ကျန်းမာရေး ခြေရာခံအာရုံခံကိရိယာများနှင့် တိကျသော GPS စနစ်ပါရှိပါတယ်။ ဘတ်ထရီကြာရှည်ခံပြီး ဒီဇိုင်းကြောင့် လူကြိုက်များတဲ့ Smart Watch တစ်လုံးပါ။ ဒါ့အပြင် ၎င်းမှာ စွန့်စားသူများ နှစ်သက်မဲ့ ပိုမိုထူးခြားသော အားကစားအင်္ဂါရပ်များ လည်းပါပါတယ်။ ဒီနှစ်အတွက် အကောင်းဆုံးသော Smart Watches များထဲက တစ်ခုဖြစ်ပါတယ်။

(၂) Samsung Galaxy Watch 5 Pro

Photo : Tech Advisor

Samsung Galaxy Watch 5 Pro က ၄၅ မီလီလီတာ ဒိုင်ခွက်၊ အခြားသော အင်္ဂါရပ်များနှင့် ပိုမိုကြာရှည်ခံသော တည်ဆောက်မှုတို့ကြောင့် ရွေးချယ်သင့်တဲ့ အကောင်းဆုံး Smart Watches တစ်လုံးပါ။ ၎င်းဟာ ဘတ်ထရီသက်တမ်း ပိုမိုကောင်းမွန်လာပြီး အားသွင်းမှု ပိုမိုမြန်ဆန်လာပါတယ်။ ဒါ့အပြင် ယုံကြည်စိတ်ချရသော နှလုံးခုန်နှုန်းကို စောင့်ကြည့်ခြင်း နဲ့ ခိုင်မာတိကျတဲ့ GPS စနစ်တို့လည်း ပါဝင်ပါတယ်။

(၃) Garmin Venu 2 Plus

Photo : Hodinky-365.com

ပုရိသတို့ အကြိုက်တွေ့စေမဲ့ အကောင်းဆုံး Smart Watches များထဲက နောက်ထပ်ဖော်ပြချင်တာကတော့ Garmin Venu 2 Plus ပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်မှု အရည်အသွေးတို့ကြောင့် ကွီးတို့ရဲ့ လက်ကောက်ဝတ်မှာ စတိုင်လ်ကျကျ ဝတ်ဆင်ဖို့ ရွေးချယ်သင့်တဲ့ Smart Watches တစ်ခုပါ။ ဒါ့အပြင် အားသွင်းလျှင်မြန်စွာ အားသွင်းနိုင်တာလည်း သူ့ရဲ့ အားသာချက်တစ်ခုပါ။

(၄) Fitbit Sense

Photo : DC Rainmaker

Fitbit Sense ကလည်း ဒီနှစ်အတွက် အကောင်းဆုံးသော Smart Watches များထဲကတစ်ခုပါ။ ၎င်းမှာလည်း အခြားသော Smart Watches များကဲ့သို့ ပြည့်စုံတဲ့ အင်္ဂါရပ်များ ပါရှိပြီး တိကျသော GPS နှင့် နှလုံးခုန်နှုန်းအာရုံခံ စနစ်များပါရှိပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။

(၅) Xiaomi Mi Band 7

Photo : Android Authority

ဈေးနှုန်းသက်သာပြီး ကြံ့ခိုင်တဲ့ Smart Watches ကို ရှာနေတယ်ဆိုရင်တော့ Xiaomi Mi Band 7 ရှိပါတယ်။ တောက်ပသော မျက်နှာပြင်နဲ့ ပေါ့ပေါ့ပါးပါး အားကစားသမားများအတွက် အသစ်သော Features များပါရှိပြီး တိကျသော နှလုံးခုန်နှုန်းကိုလည်း တိုင်းတာပေးပါတယ်။ သူ့ရဲ့ သက်သာသော ဈေးနှုန်းကလည်း ထည့်သင်း စဉ်းစားသင့်တဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။

Source : Android Authority

Featured Photo : The Gear Loop