စမတ်ဖုန်းတွေ အားသွင်းတဲ့အခါ အားပြည့်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေရတယ် ဆိုရင်တော့ ဖုန်းနဲ့လုပ်ရမယ့် အလုပ်တွေအားလုံးကို နှောင့်နှေးကြန့်ကြာစေမှာ အသေအချာပါပဲ။ ဒီလိုမဖြစ်စေရလေအောင် ကွီးတို့ ဖုန်းအားသွင်းချိန်မှာ အားသွင်းနှုန်း မြန်မြန်ဆန်ဆန်နဲ့ အားဝင်စေဖို့ လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီအချက်လေးတွေ သိထားမယ်ဆိုရင်တော့ ကွီးတို့ ဖုန်းအားသွင်းချိန်တိုင်း စိတ်ညစ်နေရမှာ မဟုတ်တော့ပါဘူး။

(၁) Airplane Mode ဖွင့်ပြီး အားသွင်းပါ

Photo : iOS & iPhone – Gadget Hacks

ဖုန်းအားသွင်းချိန်မှာ Airplane Mode ကို On ထားရပါမယ်။ ဒီလိုလုပ်တာက အားသွင်းနှုန်း ကို မြန်ဆန်စေသလို အားသွင်းနေချိန်အတွင်းမှာ Power ကျဆင်းမှုကို လျှော့ချပေးပြီး မြန်မြန်ဆန်ဆန်ပဲ အားပြည့်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၂) Background Apps တွေ ပိတ်ထားပါ

Photo : Gadget Bridge

GPS ၊ Wi-fi နဲ့ Bluetooth အပါအဝင် Background မှာ Run နေတဲ့ Apps တွေကို ပိတ်ထားပေးဖို့ လိုပါတယ်။ Background Apps တွေ Run နေတာက ဘက်ထရီ မြန်မြန်လျော့စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်သလို အားသွင်းချိန်မှာလည်း အားဝင်နှုန်းကို ကြန့်ကြာစေနိုင်ပါတယ်။

(၃) ဖုန်း Temperature ကို လျှော့ချပါ

Photo : Bloomberg

ဖုန်းအားသွင်းနေချိန်မှာ ဖုန်းရဲ့ Temperature ကို Cool Down လုပ်ပေးဖို့ လိုပါတယ်။ နေရောင်တိုက်ရိုက်ထိတာ ၊ အပူချိန်များတဲ့ ပစ္စည်းတွေ အပေါ်မှာတင်ပြီး အားသွင်းတာမျိုး လုံးဝရှောင်ကြဉ် သင့်ပါတယ်။ ဖုန်း Temperature ကို တက်နိုင်သမျှ လျှော့ချနိုင်ဖို့ အားသွင်းချိန်မှာ Cover ချွတ်ထားပြီး အားသွင်းပေးပါ။

(၄) အားသွင်းနေတုန်း ဖုန်းမသုံးပါနဲ့

Photo : Blackview

အားသွင်းကြိုးတန်းလန်းနဲ့ ဖုန်းသုံးတာက ဖုန်းရဲ့ အားဝင်နှုန်း ကို ကျဆင်းစေနိုင်သလို ဖုန်း ရဲ့ Temperature ကိုလည်း တက်စေပါတယ်။ ဒါကြောင့် အားသွင်းနေတုန်းမှာ ဖုန်းလုံးဝ အသုံးမပြုသင့်ပါဘူး။

(၅) Software Update လုပ်ပါ

Photo : 9to5Mac

ကွီးတို့ ဖုန်းကို လိုအပ်ရင် လိုအပ်သလို Software Update လုပ်ပေးသင့်ပါတယ်။ Software Update လုပ်တာက ဖုန်းအားသွင်းချိန်မှာ အားသွင်းနှုန်းကို ပိုမိုမြန်ဆန်စေသလို ဖုန်းသုံးရတာလည်း ပိုပြီးသွက်လက်မြန်ဆန်စေဖို့ အထောက်အကူ ပြုပါတယ်။

(၆) အားသွင်းခေါင်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ

Photo : Port SlashGear

အားသွင်းခေါင်း သို့မဟုတ် ဖုန်းရဲ့ အားသွင်းပေါက်တွေမှာ အချိန်ကြာလာတာနဲ့အမျှ ဖုန်နဲ့ အညစ်အကြေးတွေ ကပ်တွယ်လာ နိုင်ပါတယ်။ အားသွင်းခေါင်း သို့မဟုတ် ဖုန်းရဲ့ အားသွင်းပေါက်တွေမှာ ဖုန်တွေ ၊ အမှုန်အမွှားတွေ ပိတ်ဆို့နေတာက အားသွင်းချိန်မှာ အဟန့်အတားတစ်ခု ဖြစ်စေပါတယ်။ ဒါကြောင့် အားသွင်းပေါက် ၊ အားသွင်းခေါင်းတွေကို သန့်ရှင်းရေး ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။

Source : Analytics Insight

Featured Photo : PCMag