ကမ္ဘာပေါ်မှာ ရင်သပ်ရှုမောဖွယ် နေရာတွေ၊ လှပတဲ့ ရှုခင်းတွေ၊ အသက်ရှုမှားလောက်စရာ သဘာဝ တောင်တန်းတွေ၊ ဘယ်တော့မှ မရိုးတဲ့ မိုးကုတ်စက်ဝိုင်းနဲ့ တစ်တန်းတည်းဖြစ်နေတဲ့ ပြာလဲ့လဲ ပင်လယ်ကမ်းစပ်တွေနဲ့ ပြည့်နှက်နေတဲ့အပြင် ခမ်းနားလှတဲ့ ပန်းခင်း တွေကလည်း ချန်ထားခဲ့လို့မရပါဘူး။ ကမ္ဘာနေရာ အနှံ့အပြားမှာ ဖြစ်ထွန်းတဲ့ မျိုးစုံသော ပန်းမျိုးစိတ်များနဲ့ ပန်းခင်းတွေဟာ အရောင်အသွေးစုံလင်စွာနဲ့ တစ်စုံတစ်ယောက်က ဆေးချယ်ထားသကဲ့သို့ လှပနေပါတယ်။ လှပတဲ့ ပန်းများကို စိတ်ဝင်စားလို့ဖြစ်စေ၊ ချစ်သူလေးနဲ့ လည်ပတ်ချင်လို့ ဖြစ်စေ၊ သွားရောက် ရှုစားချင်တဲ့ ကွီးတို့အတွက် ကမ္ဘာပေါ်က လှပတဲ့ ပန်းခင်းများကို ဒီဆောင်းပါးလေးကနေ အလည်အပတ် ခေါ်သွားပါရစေ။

Hitachi Seaside Park

Photo : GEO

လှပတဲ့ ပန်းခင်းများကို သွားရောက် ရှုစားချင်တဲ့ ကွီးတို့အတွက် ဂျပန်နိုင်ငံ Hitachinaka City မှာတည်ရှိတဲ့ Hitachi Seaside Park ကို ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်ပါတယ်။ ဒီပန်းခင်း ၁၉၀ ဟက်တာ ကျယ်ဝန်းပြီး တစ်နှစ်ပတ်လုံး ရာသီအလိုက်ပွင့်တဲ့ ပန်းပေါင်းများစွာကို ကြည့်ရှုခံစားနိုင်ပါတယ်။

Keukenhof Gardens

Photo : Grand European Travel

ပန်းတွေအကြောင်းပြောရင် နယ်သာလန်နိုင်ငံ Lisse မှာ တည်ရှိတဲ့ Keukenhof Gardens ကို သေချာပေါက် သတိရလိုက်ပါ။ ဒီ ပန်းခြံမှာ နှစ်စဉ် ပန်းအဖူးပေါင်း ၇ သန်းခန့် စိုက်ပျိုးပြီး ကမ္ဘာပေါ်ရှိ အခြားနေရာများတွင် မတွေ့နိုင်သော အရောင်အသွေး များပြားသော ပန်းများကိုတွေ့နိုင်ပါတယ်။ ကမ္ဘာပေါ်တွင် အကြီးဆုံး အကြီးဆုံးပန်းဥယျာဉ် ဖြစ်ပြီး ရောင်စုံပန်းများဖြင့် ဖူးပွင့်နေသော ပန်းခင်းကြီးကို လှပသော ပန်းကော်ဇောကြီး အဖြစ် တွေ့မြင်နိုင်ပါတယ်။

Tuscany – Italy

Photo : Baltimore Weddings

အီတလီ၊ Tuscany မှာရှိတဲ့ ကမ္ဘာ့ အကောင်းဆုံး ရှုခင်းများအပြင် လှပပြီး အဝါရောင်တောက်နေတဲ့ နေကြာခင်းများကြောင့် လူသိများပါတယ်။ ကွီးတို့ရဲ့ ချစ်သူလေးနဲ့အတူ လှပပြီး ရိုမန့်တစ် ဆန်တဲ့ နေကြာပန်းခင်းများဆီ သွားချင်တယ်ဆိုရင် အီတလီက ဒီနေကြာပန်းခင်းကို ရွေးချယ်လိုက်ပါ။

Agassiz Tulip Festival, British Columbia – Canada

Photo : Flickr

Agassiz Tulip Festival မှာတော့ ကျူးလစ်ပန်းခင်းတွေအပြင် လှပတဲ့ ရင်သပ်ရှုမောဖွယ် နှင်းဖုံးနေသော Cheam Mount ကိုပါခံစားကြည့်ရှုနိုင်တဲ့ ရှုခင်းက ကွီးတို့ကို အမှန်တကယ်ပင် စိတ်လှုပ်ရှားစေမှာပါ။ ဒီနေရာမှာ ဧက ၄၀ ကျော်တွင် ပြသထားသော ရောင်စုံ ကျူးလစ်အမျိုးပေါင်း ၃၀ ကို ကြည့်ရှုခံစားနိုင်ပါတယ်။

Lavender Fields, Provence

Photo : Salt in Our Hair

လှပတဲ့ အပြင် အသက်ရှုမောဖွယ် ပန်းခင်းများကို ဖော်ပြတဲ့နေရာမှာ ခရမ်းရောင်တောက်ပစွာဖြင့် လှပနေတဲ့ လာဗင်ဒါ ပန်းခင်းများကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ ပြင်သစ်နိုင်ငံ Provemce ရှိ လာဗင်ဒါပန်းများ စီတန်းပေါက်နေသော လမ်းကြောင်းများက အံ့ဩဖွယ်ကောင်းသော ရှုခင်းများပင် ဖြစ်ပါတယ်။ တကယ်ကို စိတ်ကူးယဉ်ဆန်ဆန် လှပတာကြောင့် ချစ်သူစုံတွဲတို့ သွားရောက်လည်ပတ်သင့်တဲ့ နေရာများထဲက တစ်ခု ဖြစ်ပါတယ်။

Source : World Top Top

Featured Photo : Trip Savvy