ဝိုင် အမျိုးအစားများစွာရှိတဲ့ အထဲမှာ သဘာဝ ဝိုင် တွေကလည်း အပါအဝင်ဖြစ်ပါတယ်။ သဘာဝ ဝိုင်ဆိုတာကတော့ ရိုးရှင်းသော သို့မဟုတ် ရိုးရာနည်းလမ်းများကို အသုံးပြု၍ ထုတ်လုပ်ထားသော ဝိုင်လို့ ဝိုင်ထုတ်လုပ်သူများ အကြားတွင် ယေဘူယျအားဖြင့် သတ်မှတ်ကြပါတယ်။ သဘာဝဝိုင်များမှာ တူညီသော သို့မဟုတ် တိကျသော အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိသော်လည်းပဲ များသောအားဖြင့် ပိုးသတ်ဆေး သို့မဟုတ် ပေါင်းဆေးများ မသုံးဘဲ သဘာဝအတိုင်း ထုတ်လုပ်ထားသော ဝိုင်များကိုလည်း ဆိုလိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဝိုင်ချစ်သူ ကွီးတို့အတွက် မြည်းစမ်းနိုင်ဖို့ အကောင်းဆုံး သဘာဝ ဝိုင်များ ကို ဖော်ပြပေးချင်ပါတယ်။

Broadside Margarita Vineyard Merlot

Photo : Marketview Liquor

ကွီးတို့အတွက် မြည်းစမ်းကြည့်သင့်တဲ့ အကောင်းဆုံး သဘာဝ ဝိုင်များ ထဲက တစ်ခုကတော့ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အလယ်ပိုင်းကမ်းခြေဒေသက ထွက်ရှိတဲ့ Broadside Margarita Vineyard Merlot ဝိုင် ဖြစ်ပါတယ်။ ဒီ ဝိုင်မှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၁၃.၈ ရာခိုင်နှုန်း ရှိပါတယ်။ သူ့ရဲ့ အရသာအနေနဲ့ကတော့ ချယ်ရီ၊ အနက်ရောင် Currant၊ Vanilla နဲ့ Oak အရသာတို့ကို ခံစားနိုင်ပါတယ်။ ဟင်းပွဲမျိုးစုံနဲ့ လိုက်ဖက်တဲ့ ဝိုင်လည်း ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ၁၅ ‌ဒေါ်လာ ဝန်းကျင်ရှိပါတယ်။

Vandal Gonzo Militia White Wine

Photo : Vivino

သိမ်မွေ့သောချိုမြိန်မှုရှိပြီး သောက်သုံးရလွယ်ကူတဲ့ သဘာဝ ဝိုင်ဖြူကို ရှာနေတယ်ဆိုရင်တော့ Vandal Gonzo Militia ရှိပါတယ်။ ဒီဝိုင်ကတော့ စပျစ်သီးမျိုးကွဲ ခုနစ်မျိုးဖြင့် ရောစပ်ထားသော ဝိုင်ဖြူ ဖြစ်ပြီး သြစတြေးလျနိုင်ငံ၊ Marlborough ဒေသမှ ထွက်ရှိပါတယ်။ ၎င်းမှာ အယ်လ်ကိုဟော ၁၃ ရာခိုင်နှုန်း ပါဝင်ပါတယ်။ စျေးနှုန်း အနေနဲ့ကတော့ ၃၂ ဒေါ်လာခန့် ရှိပါတယ်။

German Gilabert Brut Nature Cava

Photo : Vivino

အကောင်းဆုံး သဘာဝ Sparkling ဝိုင်အမျိုးအစားကို ရှာနေတယ်ဆိုရင် စပိန်နိုင်ငံ၊ Cava ဒေသက ထွက်ရှိတဲ့ German Gilabert Brut Nature Cava ရှိပါတယ်။ ဒီ အော်ဂဲနစ် ဝိုင်ကို မြေထဲပင်လယ် ရာသီဥတုတွင် စိုက်ပျိုးထားသော Macabeo ၊ Xarel-lo နှင့် Parellada စပျစ်သီးများကို အသုံးပြုထားပြီး စွဲမက်ဖွယ်ကောင်းသော အရသာရှိပါတယ်။ သူ့မှာ အယ်လ်ကို‌ဟော ပါဝင်နှုန်း ၁၁.၅ ရာခိုင်နှုန်း ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၁၈ ‌ဒေါ်လာခန့် ရှိပါတယ်။

Meinklang Pinot Noir Frizzante Rosé

Photo : 67 Wine & Spirits

ဒီ ဝိုင်ကလည်း အကောင်းဆုံး သဘာဝ ဝိုင်များ ထဲက Rosé ဝိုင်အမျိုးအစား ဖြစ်ပါတယ်။ ဒီ ဝိုင်ကလည်း သြစတြီးယားနိုင်ငံမှာ ထွက်ရှိပါတယ်။ အနီရောင် ဘယ်ရီသီးနဲ့ ဆေးဘက်ဝင်အပင်များ ပေါင်းစပ်ထားတဲ့ ပျော့ပြောင်းနူးညံ့ပြီး နှစ်သက်ဖွယ်ကောင်းသော အရသာကို ခံစားနိုင်ပါတယ်။ သူ့မှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၁၀.၅ ရာခိုင်နှုန်း ရှိပါတယ်။ စျေးနှုန်း အနေနဲ့ကတော့ ဒေါ်လာ ၂၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Frey Vineyards Organic Cabernet Sauvignon

Photo : Vivino

ဒီ သဘာဝ ဝိုင်ကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးရှားပြည်နယ်၊ မြောက်ဘက်ကမ်းရိုးတန်း ဒေသမှထွက်ရှိပါတယ်။ ဇီးသီး၊ ဘလက်ဘယ်ရီသီး အရသာများခံစားနိုင်ပြီး အကင်များ၊ စွပ်ပြုတ်များနဲ့ လိုက်ဖက်တဲ့ ဝိုင် လည်း ဖြစ်ပါတယ်။ ၎င်းမှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၁၃.၄ ရာခိုင်နှုန်း ခန့်ရှိပါတယ်။ စျေးနှုန်းအနေနဲ့ ကတော့ ၁၈ ‌‌ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Source : The Spruce Eats

Featured Photo : Wallpaper Flare