ဖုန်းတွေထက် Screen ကြီးတာ ကြိုက်တယ်၊ မျက်နှာပြင် ကြီးကြီးနဲ့ ဂိမ်းဆော့မယ်၊ စာလေ့လာမယ်ဆိုရင်တော့ Laptop တွေထက် ပိုပြီးပေါ့ပေါ့ပါးပါး ဖြစ်တဲ့ Tablets များက ရွေးချယ်စရာတစ်ခုပါ။ သယ်ဆောင်ရလည်း လွယ်ကူတာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အကြောင်းအမျိုးမျိုးကြောင့် Tablets ဝယ်ဖို့စဉ်းစားနေတဲ့ ကွီးတို့အတွက် ရွေးချယ်နိုင်ဖို့ အကောင်းဆုံး Tablets များ ကိုဖော်ပြပေးချင်ပါတယ်။

Apple iPad Air (2022)

Photo :Pocket lint

Tablets တွေထဲမှာမှ အကောင်းတကာ့ အကောင်းဆုံး Tablet ကို လိုချင်တယ်ဆိုရင်တော Apple iPad Air (2022) ရှိပါတယ်။ ဒီ Tablet က ဒီနှစ်ထဲမှာပဲ ထွက်ရှိခဲ့ပြီး ဘတ်ထရီသက်တမ်း ကြာကြာခံတဲ့ Tablet တစ်ခုလည်း ဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 64GB နဲ့ 256GB ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ သူ့ရဲ့ မျက်နှာပြင် Display အကျယ်အနေနဲ့ကတော့ ၁၀.၉ လက်မ ဖြစ်ပါတယ်။ ပါးလွှာပြီး အထက်တန်းကျတဲ့ ဒီဇိုင်းက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။

iPad 2022 (10th Gen)

Photo : The Verge

အခုထပ်ပြီးဖော်ပြချင်တဲ့ အကောင်းဆုံး Tablets များထဲက တစ်ခုကတော့ iOS ထဲကပဲ ရွေးချယ်ချင်တဲ့ ကွီးတို့အတွက် iPad 2022 (10th Gen) ပဲ ဖြစ်ပါတယ်။ ပါးလွှာသော ဘေးဘောင်များနဲ့ ပေါ့ပါးသော ဒီဇိုင်းက ‌ရွေးချယ်ချင်စရာပါ။ ဒီ Tablet မှာ မြန်ဆန်တဲ့ A14 Bionic Processor ပါရှိပြီး ဘတ်ထရီ သက်တမ်းကလည်း ကြာရှည်ခံပါတယ်။ မျက်နှာပြင် အကျယ်ကတော့ ၁၀.၉ လက်မ ဖြစ်ပါတယ်။ သူ့မှာလည်း Storage အနေနဲ့ 64GB နဲ့ 256GB နှစ်မျိုးရှိပါတယ်။

Samsung Galaxy Tab 8

Photo : My Next Tablet

တောက်ပသော မျက်နှာပြင်နဲ့ ကောင်းမွန်သော အသံအရည်အသွေး ပေးစွမ်းနိုင်တဲ့ Tablet ကို ရှာနေတယ်ဆိုရင် Samsung Galaxy Tab 8 ရှိပါတယ်။ Storage ကတော့ 128GB နဲ့ 256GB ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ LCD မျက်နှာပြင်ဖြစ်ပြီး အကျယ်ကတော့ ၁၁ လက်မရှိပါတယ်။ Samsung Galaxy Tab 8 က Android ထဲက အကောင်းဆုံးသော Tablet တစ်ခုလို့ ပြောလို့ရပါတယ်။

Amazon Fire 7

Photo : Digital Trends

နောက်ထပ်ဖော်ပြချင်တဲ့ အကောင်းဆုံး Tablets များထဲက တစ်ခုကတော့ Amazon Fire 7 ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင် အကျယ်က ၇ လက်မသာ ရှိတာကြောင့် ဖုန်းထက် အနည်းငယ်သာ ကြီးတဲ့ Tablet ကို ရှာနေရင်တော့ ရွေးချယ်စရာ တစ်ခုပါပဲ။ Storage အနေနဲ့ကတော့ 16GB နဲ့ 32GB ဆိုပြီး နှစ်မျိုးလာပါတယ်။ မြန်ဆန်သွက်လပ်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တဲ့ အပြင် အလေးချိန်ကလည်း ၀.၆ သာ ရှိတာကြောင့် တော်တော်လေး ပေါ့ပါးတယ်လို့ ပြောလို့ရပါတယ်။

Microsoft Surface Go 2

Photo : Laptop Media

Microsoft Surface Go 2 မှာ တောက်ပပြီး ကြည်ရှင်းသော မျက်နှာပြင်ပါရှိပြီး ဘတ်ထရီ သက်တမ်းကလည်း ကြာရှည်ခံပါတယ်။ သူ့မှာ Storage အနေနဲ့ 64GB၊ 128GB နဲ့ 256GB ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်ပါတယ်။ မျက်နှာပြင် အကျယ်ကတော့ ၁၀.၅ လက်မရှိပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ပါတယ်။ Microsoft Surface Go 2 က အကောင်းဆုံး သော Windows 10 Tablets များထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Samsung Galaxy Tab A7

Photo : My Next Tablet

Samsung ထဲကပဲ Tablet ရွေးချယ်ချင်တဲ့ ကွီးတို့အတွက်‌ နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ Samsung Galaxy Tab A7 ဖြစ်ပါတယ်။ ၎င်းမှာ ကောင်းမွန်တဲ့ ဘတ်ထရီသက်တမ်းအပြင် Facial Recognition ပါရှိပါတယ်။ Storage အနေနဲ့ကတော့ 32GB တစ်မျိုးသာ ထွက်ရှိပါတယ်။ မျက်နှာပြင်အကျယ်ကတော့ ၁၀.၄ လက်မ ရှိပါတယ်။

Source : Tom’s Guide

Featured Photo : Greek Test