မျက်နှာသစ်ပြီး နာရီပိုင်းအတွင်းမှာပဲ အဆီပြန်သလို ခံစားနေရပြီလား။ ဒါက Oily Skin အသားအရေရှိသူတွေမှာ တွေ့ရတဲ့ သိသာတဲ့လက္ခဏာတစ်ခုပါ။ Oily Skin ရှိတဲ့ အသားအရေ ပိုင်ရှင်အများစုရဲ့ မျက်နှာဟာ သဘာဝအတိုင်း Glow နေတယ်လို့ ထင်ရပေမယ့် အဆီတွေက မျက်နှာအရေပြားပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေထွက်လာစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ဒီပြဿနာကို ကူညီနိုင်မယ့် နည်းလမ်းကောင်းတချို့ရှိပါတယ်။ အဆီပြန်တာကို သက်သာစေမယ့် ရိုးရှင်းတဲ့နည်းလမ်းတွေက ဘာဖြစ်မလဲကြည့်လိုက်ရအောင်ပါ။

(၁) တစ်နေ့ကို နှစ်ကြိမ်မျက်နှာသစ်ပါ

Photo : The Manual

မျက်နှာသစ်တာက အသားအရေ ထိန်းသိမ်းခြင်းရဲ့ အရေးကြီးဆုံးအဆင့် တစ်ခုပါ။ ကျန်းမာတဲ့ မျက်နှာအသားအရေကို ထိန်းထားချင်တယ်ဆိုရင်ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ မျက်နှာသစ်ဆေးနဲ့ တစ်ရက်ကိုနှစ်ကြိမ်ခန့် ပုံမှန်သစ်ပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ပေးတာက အရေပြားအတွင်းပိုင်းက အညစ်အကြေးတွေနဲ့ ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားသန့်စင်ပေးရုံမက ချွေးပေါက် ပိတ်ဆို့ခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။

(၂) အစိုဓာတ်ထိန်းပါ

Photo : The Manual

ဘယ်လို Skin Type မျိုးပဲဖြစ်ဖြစ် Moisturization က မရှိမဖြစ် လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းခရမ်င် Moisturizers တွေက အသားရေအတွင်းပိုင်းထိ အစိုဓာတ်ကို ထိန်းထားပေးနိုင်ပြီး အသားအရေ နူးညံ့ချောမွေ့စေဖို့ ကူညီပေးပါတယ်။ အဆီပြန် တက်တဲ့ အသားရေပိုင်ရှင်တွေအတွက်ကတော့ အဆီမပါတဲ့ Oil-free Moisturizers တွေနဲ့ ရေဓာတ်အခြေခံတဲ့ Water-based Moisturizers တွေ ရွေးချယ်နိုင်ပါတယ်။

(၃) Toner သုံးပါ

Photo : The Manual

Oily Skin သမားတွေအနေနဲ့ အရေပြားပေါ်က အညစ်ကြေးတွေကို ဖယ်ရှားပြီး pH မျှတမှုကို ထိန်းသိမ်းဖို့နဲ့ အဆီပိုထွက်ခြင်းကို ကာကွယ်ပေးနိုင်ဖို့ Toner မဖြစ်မနေသုံးသင့်ပါတယ်။ များသောအားဖြင့် မျက်နှာသစ်ပြီးချိန်နဲ့ မုတ်ဆိတ်ရိတ်ပြီးချိန်တွေမှာ အသားအရေ ချောမွေ့စေဖို့ toner အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ Salicylic-based Toner အမျိုးအစားတွေသုံးမယ်ဆို ပိုကောင်းပါတယ်။ Salicylic Acid က အမျိုးသားတွေမှာ အဖြစ်များတဲ့ ဝက်ခြံပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်သလို ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါရှိပါတယ်။

(၄) တစ်ပတ်တစ်ကြိမ်ခန့် Exfoliate လုပ်ပါ

Photo : The Manual

Exfoliate လုပ်တယ်ဆိုတာ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ပွတ်တိုက်သန့်စင်ပြီး အသားရေကို ပိုမိုနုပျိုကြည်လင်လာအောင် လုပ်တာပဲ ဖြစ်ပါတယ်။ အနည်းဆုံးတစ်ပတ်တစ်ကြိမ်ခန့် ပုံမှန် Exfoliation လုပ်ပေးမယ်ဆိုရင် အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ စုပုံပြီး ချွေးပေါက်ပိတ်ဆို့တဲ့ ပြဿနာကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အဆီပြန်ပြီး ဝက်ခြံရှိသူတွေအနေနဲ့ Salicylic Acid ထုတ်ကုန်တွေကို အသုံး ပြုနိုင်ပါတယ်။ Salicylic Acid က အဆီပြန်ခြင်းကို သက်သာစေပြီး ချွေးပေါက်အတွင်းပိုင်းထိ သန့်စင်ပေးတာကြောင့် ဝက်ခြံပြဿနာကိုလည်း လျှောချပေးနိုင်မှာ ဖြစ်ပါတယ်။

Oily Skin အသားရေပိုင်ရှင်များအတွက် အကြံပြုချက်များ

  • ရေပူဖြင့် ရေချိုးခြင်းကိုရှောင်ကြဉ်ပါ
  • အဆီပြန်ခြင်းမရှိတဲ့ Lotion အသုံးပြုနိုင်ပါတယ်
  • တစ်ပတ်တစ်ကြိမ်ထက်ပိုပြီး Scrub လုပ်ခြင်းမှရှောင်ကြဉ်ပါ
  • ဝက်ခြံအတွက် Comedogenic ပါဝင်မှုမရှိတဲ့ ထုတ်ကုန်တွေအသုံးပြုပါ
  • ဗီတာမင်စီ ကြွယ်ဝတဲ့ အစိမ်းရောင် အသီးအရွက်တွေ နဲ့ Citrus အသီးတွေ စားပါ
  • မျက်နှာသစ်ပြီးတိုင်း Toner ပုံမှန်သုံးပါ
  • တစ်ပတ်တစ်ကြိမ်လောက် ရွံစေး Mask ကပ်ပါ
  • အပြင်သွားရတဲ့အချိန်တွေမှာ မျက်နှာပေါ်က အဆီတွေကိုဖယ်ရှားနိုင်ဖို့ ဆီစုပ်စက္ကူ အသုံးပြုနိုင်ပါတယ်

Featured Photo : The Independent