Activewear တွေထဲမှာ Joggers တွေကို လူကြိုက်များလာနေကြပါတယ်။ Joggers တွေဟာ အားကစားဝတ်ဖက်ရှင်အဖြစ် ရည်ရွယ်ပြီး စတင်ထုတ်လုပ်ခဲ့ရာကနေ အခုဆို အားကစားလုပ်သူတွေရော အားကစားမလုပ်ဘဲ ဖက်ရှင်မိချင်ရုံသက်သက်အရ ဝတ်ကြသူတွေပါ ရှိလာကြပါတယ်။ Joggers အများစုဟာ ခါးစည်းမျှော့ကြိုးပြားနဲ့လာပြီး ဆွဲဆန့်နိုင်တဲ့ ချည်သားမျိုးနဲ့ လာတာ များပါတယ်။

ဒီဇိုင်းနဲ့ သုံးထားတဲ့ချည်ပေါ် လိုက်ပြီး Joggers အမျိုးအစားတွေ အများကြီး ကွဲပြားပါတယ်။ ကွဲပြားတဲ့ Joggers အမျိုးအစားတွေပေါ်မှာလည်း သူပရိသတ်နဲ့သူ အကြိုက်တွေ့ကြတာတွေ ရှိကြတာပါပဲ။ ဖက်ရှင်အရ အမျိုးသားတိုင်းနဲ့ အဆင်မပြေတဲ့ Joggers တွေလည်း ရှိကြပါတယ်။ ဒီလို Joggers တွေထဲက အမျိုးသားတွေ ရှောင်ကြဉ်သင့်တဲ့ Jogger စတိုင်တွေအကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) Cargo Joggers

Photo: wired

Cargo Joggers တွေကို နှစ်သက်ကြတဲ့ အမျိုးသားတွေလည်း အများကြီးရှိကြပါတယ်။ ဖက်ရှင်အရ ကြည့်မယ်ဆိုရင် Cargo စတိုင်တွေက ကြည့်သူရဲ့ မျက်စိကို ပသာဒမဖြစ်စေသလို ဇစ်တွေ ၊ အိတ်ထောင်တွေ အများကြီး ပါလို့ ကြည့်ရလည်း ဆိုးစေပါတယ်။ Casual သိပ်ဆန်လွန်းတာကြောင့် Ripped ဖက်ရှင်တွေလိုပဲ Image ကို ထိခိုက်စေတာကြောင့် ‌ရှောင်ကြဉ်ဖို့ ပြောချင်ပါတယ်။

(၂) Denim Joggers

Photo: People

Jeans ပွကြီးတွေ ဝတ်တာ ခေတ်မရှိတော့ပါဘူး။ Joggers ဆိုတာ အစကတည်းက ခပ်ပွပွကြီး ချုပ်ထားတဲ့ Activewear ဖြစ်လို့ Jeans လိုမျိုး Fit ဖြစ်ဖို့ လိုတဲ့ဖက်ရှင်နဲ့ တွဲဖက်ရာမှာ တလွဲပုံတွေ ထွက်လာတတ်ပါတယ်။ Denim Joggers တွေဆိုတာ ကလေးတွေ ဝတ်ဖို့ကောင်းတဲ့ ဖက်ရှင် ဖြစ်ကြပေမယ့် အရွယ်ရောက်သူတွေအဖို့တော့ ဒါမျိုးဖက်ရှင်က မဝတ်တာအကောင်းဆုံးပါပဲ။

(၃) Skinny Joggers

Photo: amazon

Skinny လို့ခေါ်တဲ့ အသားကပ်ဖက်ရှင်ဟာ အမျိုးသားတွေနဲ့ မလိုက်ဖက်ဘူးလို့ လက်ခံလာကြပြီ ဖြစ်ပါတယ်။ Regular Fit ၊ Slim Fit တွေပဲ Recommend ပေးကြတဲ့ ခေတ်မှာ Skinny Joggers ဝတ်တာဟာ အတော်ကြီး ခေတ်နောက်ကျတဲ့ဖက်ရှင်ကို ဝတ်တာပဲလို့ ပြောရမှာပါ။ Joggers ဖက်ရှင်ကို အသားကပ်စတိုင် ဝတ်တာဟာ ကြည့်ရဆိုးသလို ယောင်္ကျားတစ်ယောက်နဲ့လည်း မလိုက်ဖက်ဘူးလို့ ပြောချင်ပါတယ်။

Featured Photo: wired