လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါ သူကရော ကိုယ့်လိုပဲ ပြန်ချစ်ရဲ့လားဆိုတဲ့ မေးခွန်းက စိတ်ထဲမှာ အမြဲရှိနေတတ်ပါတယ်။ကိုယ့်နှလုံးသားကို ပုံအပ်လိုက်ရတဲ့အချိန်ဖြစ်လို့ တစ်ဖက်သားရဲ့ ခံစားချက်ကို သေချာသိချင်တာကလည်း သဘာဝပါပဲ။
ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ လူတွေဟာ ချစ်မိသွားတဲ့အခါ ဟော်မုန်းတွေ ပြောင်းလဲလာပြီး အိပ်ရာထဲက အပြုအမူတွေပါ သိသိသာသာ ပြောင်းလဲသွားတတ်ပါတယ်။
ဒါကြောင့် ကွီးတို့ရဲ့ လက်တွဲဖော်က သင့်ကို တကယ်ချစ်နေပြီလားဆိုတာကို အိပ်ရာထဲက ဒီအချက် (၄) ချက်နဲ့ အကဲခတ်ကြည့်လို့ ရပါတယ်။

၁။ အပြည့်အဝ အာရုံစိုက်ပြီး ပွင့်ပွင့်လင်းလင်း ရှိခြင်း
သင့်လက်တွဲဖော်က အိပ်ရာထဲမှာ စိတ်ရောကိုယ်ပါ အပြည့်အဝ ရှိနေပြီး ယုံကြည်မှုအပြည့်နဲ့ ဆက်ဆံနေတယ်ဆိုရင် ဒါဟာ ချစ်နေတဲ့ လက္ခဏာဖြစ်တယ်လို့ ကျွမ်းကျင်သူ Irene Fehr က ပြောပါတယ်။ သူတို့ရဲ့ အကြည့်တွေ၊ အထိအတွေ့တွေမှာ ပွင့်လင်းမှုကို ခံစားရမှာဖြစ်ပြီး သူတို့ရဲ့ လိုအင်ဆန္ဒတွေကိုလည်း ရဲရဲဝံ့ဝံ့ ထုတ်ပြောလာတတ်ပါတယ်။
၂။ သင့်ကို စိတ်ကျေနပ်အောင် အစွမ်းကုန် ကြိုးစားခြင်း
တကယ်ချစ်တဲ့ လက်တွဲဖော်တစ်ယောက်ဟာ ကိုယ်တိုင်ရဲ့ သာယာမှုထက် သင့်ရဲ့ စိတ်ကျေနပ်မှုကို ပိုပြီး ဦးစားပေးတတ်ပါတယ်။ နှစ်ဦးစလုံး စိတ်ကျေနပ်မှုရရှိစေဖို့အတွက် သူတို့ရဲ့ လိုအပ်ချက်တွေကိုတောင် ဘေးဖယ်ထားပြီး သင့်အတွက် အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားတတ်ကြပါတယ်။

၃။ ကြင်နာယုယမှုကို ဦးစားပေးခြင်း
စိတ်ပိုင်းဆိုင်ရာနဲ့ လိင်မှုဆိုင်ရာ ကုထုံးပညာရှင် Cate Mackenzie ရဲ့ အဆိုအရ အိပ်ရာထဲမှာ ကြင်နာယုယမှုကို ဘယ်လောက်အထိ အလေးထားလဲဆိုတာက သူတို့ရဲ့ နှလုံးသားအခြေအနေကို ဖော်ပြနေပါတယ်။ သာယာမှုတစ်ခုတည်းအတွက်မဟုတ်ဘဲ သင့်ကို အချိန်ပေးပြီး ပိုမိုထိတွေ့ပွေ့ဖက်တာ၊ နမ်းရှိုက်တာတွေ လုပ်နေတယ်ဆိုရင် ဒါဟာ နှစ်ဦးကြားက ချိတ်ဆက်မှုကို တန်ဖိုးထားလို့ ဖြစ်ပါတယ်။
၄။ သင့်ကို အထင်ကြီးအောင် အလွန်အကျွံ ကြိုးစားခြင်း
တစ်ခါတလေမှာ အရမ်းချစ်မိသွားတဲ့အခါ ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်ကြောင့် ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ပြီး အထင်ကြီးအောင် အလွန်အကျွံ ကြိုးစားတတ်ကြပါတယ်။ အမျိုးသားတွေက စွမ်းဆောင်ရည်ကောင်းအောင် အပြင်းအထန် ကြိုးစားတတ်ပြီး အမျိုးသမီးတွေကတော့ ကိုယ့်လိုအပ်ချက်ထက် တစ်ဖက်သား ကျေနပ်ဖို့ကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒီအပြုအမူက ရေရှည်မှာ ဆက်ဆံရေးကို ထိခိုက်နိုင်တာကြောင့် ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကြောက်ရွံ့မှုတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ လိုအပ်ပါတယ်။
Ref: elitedaily


