Erectile Dysfunction ဆိုတာဟာ ကွီး တို့ လိင်ဆက်ဆံဖို့အတွက် လိင်တံ လုံလောက်စွာ မထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် တောင့်တင်းမှုကို ဆက်လက်မထိန်းသိမ်းနိုင်ခြင်းကို ညွှန်ပြတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် သောက်ဆေးတွေအပြင် အခြားသော ထိရောက်တဲ့ ကုသမှုနည်းလမ်းတွေ ရှိနေပါတယ်။ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး သင့်လျော်မယ့် ကုသမှုကို ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်။

🛑သောက်ဆေးများ: လိင်ပိုင်းဆိုင်ရာ အကြောအားနည်းခြင်းအတွက် အဓိက ကုသတဲ့ နည်းလမ်းတစ်ခုကတော့ ပါးစပ်ကနေ သောက်ရတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ အဲဒီဆေးတွေထဲမှာ avanafil (Stendra)၊ sildenafil (Viagra)၊ tadalafil (Cialis) နဲ့ vardenafil တို့ ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီသောက်ဆေးတွေဟာ Nitrate ဆေးတွေ သောက်နေရသူတွေ၊ သွေးတိုးကျဆေး ဒါမှမဟုတ် အချို့သော ကျန်းမာရေး အခြေအနေ ရှိသူတွေအတွက် မလုံခြုံတာ သို့မဟုတ် မကိုက်ညီတာမျိုး ဖြစ်တတ်ပါတယ်။
🛑ကိုယ်တိုင်ဆေးထိုးခြင်း: မိမိကိုယ်တိုင် ဆေးထိုးအပ်နဲ့ ဆေးကို လိင်တံမှာ ထိုးနှည့်ပြီး သင့်လျော်တဲ့ အနေအထား ရရှိအောင် လုပ်ဆောင်ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။
🛑တက်စတိုစတီရုန်း ဟိုမုန်း အစားထိုးခြင်း: ဟိုမုန်းပမာဏ နည်းပါးသူတွေအတွက် ဆေးထိုးတာ၊ ကပ်ခွာကပ်တာ ဒါမှမဟုတ် ဆေးသောက်တာတွေနဲ့ ကုသပေးနိုင်ပါတယ်။
🛑လိင်တံစုပ်စက် (Penis Pump): လိင်တံဆီကို သွေးတွေ စီးဆင်းလာအောင် လုပ်ဆောင်ပေးပြီး ရာဘာကွင်းစွပ်ကာ သွေးကြောတင်းအားကို ထိန်းသိမ်းပေးတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
🛑ခွဲစိတ်ကုသမှုနဲ့ ပစ္စည်းထည့်သွင်းခြင်း: အခြားကုသမှုတွေ မအောင်မြင်တဲ့အခါ လိင်တံအတွင်းမှာ အစွပ် သို့မဟုတ် ဖောင်းကြွနိုင်တဲ့ ကိရိယာတွေကို ခွဲစိတ်ထည့်သွင်း ကုသနိုင်ပါတယ်။
🛑စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးကုသမှု: စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေအတွက် ကျွမ်းကျင်သူတွေနဲ့ ပြသဆွေးနွေးနိုင်ပါတယ်။
အဲဒီလို ကုသမှုတွေကို ခံယူရာမှာ မိမိရဲ့ ရောဂါအခံနဲ့ ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါလိုမျိုး ရောဂါဖြစ်ပွားရတဲ့ မူလအကြောင်းရင်းတွေကိုပါ တပါတည်း ကုသဖို့အတွက် ကျွမ်းကျင်ဆရာဝန်တွေနဲ့ အမြဲတမ်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Ref : Mayoclinic


