မင်းသမီး Jennifer Lawrence က သူမရဲ့ ကိုယ်လုံးတီး ဇာတ်ဝင်ခန်းတွေ ရိုက်ကူးနေချိန်မှာ ခွင့်ပြုချက်မရှိတဲ့ ရုပ်ရှင်အဖွဲ့သားတွေ အနီးအနားမှာ ရှိနေတဲ့အတွက် ပြင်းပြင်းထန်ထန် သတိပေး ပြောဆိုခဲ့ဖူးတယ်လို့ "Call Her Daddy" podcast မှာ ပြောကြားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် သရုပ်ဆောင်သစ်တွေ အနေနဲ့ အဲဒီလို အခြေအနေမျိုး ကြုံတွေ့လာရရင် ပြဿနာရှာတယ်လို့ အထင်ခံရမှာစိုးပြီး ငြိမ်နေတတ်ကြတာကြောင့် အခုလိုမျိုး တင်းတင်းကျပ်ကျပ် လုပ်ပြရတာဖြစ်တယ်လို့ သူမက ရှင်းပြခဲ့ပါတယ်။ ကိုယ်လုံးတီး ဇာတ်ဝင်ခန်းကို ခွင့်ပြုချက်မရှိသူတွေ ကြည့်ခွင့်မရှိဘူးဆိုတာကို သေချာနားလည်အောင် ရှင်းပြဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

အဲဒီဖြစ်ရပ်က ဘယ်ရုပ်ရှင်ရိုက်ကူးရေးမှာ ဖြစ်ခဲ့တာလဲဆိုတာကိုတော့ Jennifer Lawrence က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ သူမရဲ့ ပထမဆုံး ကိုယ်လုံးတီး ဇာတ်ဝင်ခန်းကိုတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Red Sparrow" ရုပ်ရှင်မှာ စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က Apple ရဲ့ iCloud စနစ် ဖောက်ထွင်းခံရပြီး သူမရဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေ 4chan ဝက်ဘ်ဆိုက်မှာ ပေါက်ကြားခဲ့ဖူးတဲ့ အဖြစ်အပျက်ကိုလည်း သူမက ပြန်လည်ပြောပြခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ သူမအတွက် အင်မတန် စိတ်ဒဏ်ရာရစရာ ကောင်းခဲ့ပြီး လက်ခံနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

Ref : pagesix