အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သီတင်းပတ်ကုန် ကမ္ဘာ့ရုပ်ရှင်ဝင်ငွေစာရင်းမှာ Paramount ရဲ့ Street Fighter ရုပ်ရှင်ကားက အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂ သန်းနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
အဲဒီ ကားက မြောက်အမေရိကမှာ ဒေါ်လာ ၃၁ သန်းနဲ့ နိုင်ငံတကာဈေးကွက်တွေမှာ ဒေါ်လာ ၂၀ ဒသမ ၁ သန်း ရရှိထားပါတယ်။

အိန္ဒိယရုပ်ရှင်ကားဖြစ်တဲ့ Jailer 2 ကတော့ သီတင်းပတ်ကုန်ရက်မှာ ဒေါ်လာ ၃၁ ဒသမ ၂ သန်း ရရှိခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ Disney ရဲ့ Whalefall ရုပ်ရှင်ကားသစ်ကလည်း ဒေါ်လာ ၁၇ ဒသမ ၅ သန်းနဲ့ အဆင့် ၆ နေရာကနေ စတင်ဝင်ရောက်လာပါတယ်။

Universal Picture နဲ့ Focus Features တို့ရဲ့ Sense And Sensibility ရုပ်ရှင်ကားဟာ မြောက်အမေရိကမှာ ဝင်ငွေ ဒေါ်လာ ၇ ဒသမ ၂၅ သန်း ရရှိခဲ့ပြီးနောက် ထိပ်တန်းစာရင်း ၁၀ နေရာထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီ ကားရဲ့ ကမ္ဘာတစ်ဝန်း စုစုပေါင်း ဝင်ငွေကတော့ ဒေါ်လာ ၁၈ ဒသမ ၅ သန်း ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် A24 ရဲ့ မှတ်တမ်းရုပ်ရှင် You Can See Everything ကလည်း မြောက်အမေရိကဈေးကွက်မှာတင် ဒေါ်လာ ၁၅ သန်း ရရှိခဲ့ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ အဲဒီ ရုပ်ရှင်ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း မြောက်အမေရိကမှာ ဝင်ငွေအကောင်းဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
Ref: screendaily


