Spotify ဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာလအကုန်မှာ လစဉ်အသုံးပြုသူ ၇၈၈ သန်းအထိ ရှိလာခဲ့ပြီး တတိယသုံးလပတ်အတွင်းမှာ သုံးစွဲသူ ၁၁ သန်း ထပ်တိုးလာပါတယ်။

အဲဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၁ ရာခိုင်နှုန်း တိုးလာတာဖြစ်ပြီး ပရီမီယံသုံးစွဲသူအရေအတွက်ကလည်း ၃၀၆ သန်းအထိ ရောက်ရှိလာပါတယ်။ ကြော်ငြာနဲ့ နားဆင်တဲ့သူ အရေအတွက်ကလည်း ပြီးခဲ့တဲ့နှစ်ထက် ၁၂ ရာခိုင်နှုန်း တိုးလာပြီး ၄၉၉ သန်းအထိ ရှိလာပါတယ်။

ဘဏ္ဍာရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း တတိယသုံးလပတ်အတွင်း ဝင်ငွေ ယူရို ၄.၉၇ ဘီလီယံ ရရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်ထက် ၁၆ ရာခိုင်နှုန်း တက်လာပါတယ်။

အဲဒီအထဲမှာ ပရီမီယံဝင်ငွေက ယူရို ၄.၄၉ ဘီလီယံ ပါဝင်ပြီး ကြော်ငြာကနေရတဲ့ ဝင်ငွေကလည်း ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာတာကို တွေ့ရပါတယ်။ သုံးစွဲသူ တစ်ဦးချင်းစီကနေရတဲ့ ပျမ်းမျှဝင်ငွေ (ARPU) ကလည်း ၉.၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ယူရို ၄.၉၅ အထိ ရှိလာပါတယ်။

ပရီမီယံသုံးစွဲသူတွေရဲ့ ၆၁ ရာခိုင်နှုန်းက ဥရောပနဲ့ မြောက်အမေရိကတိုက်က ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက သုံးစွဲသူအရေအတွက်ကလည်း အရင်နှစ်တွေထက် သိသိသာသာ တိုးတက်လာပြီး စုစုပေါင်းနားဆင်သူရဲ့ ၃၈ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။

လက်တင်အမေရိကဈေးကွက်ဟာလည်း တဖြည်းဖြည်း ကြီးထွားလာပြီး မြောက်အမေရိကဈေးကွက်ကို ကျော်တက်သွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

Spotify အနေနဲ့ ဒီနှစ်ကုန်မှာ လစဉ်အသုံးပြုသူ ၈၁၈ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားတဲ့အတွက် သုံးစွဲသူ သန်း ၈၀၀ ပြည့်မယ့် မှတ်တိုင်ကို မကြာခင်မှာ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီမီယံသုံးစွဲသူ အရေအတွက်ကလည်း ဒီနှစ်ကုန်မှာ ၃၁၆ သန်းအထိ ရောက်လာနိုင်မယ်လို့ ကုမ္ပဏီက ယုံကြည်ထားပါတယ်။

Ref: musically