နာမည်ကျော် ပေါ့ပ်စတား Christina Aguilera ကတော့ သူမရဲ့ မကြာသေးမီက သိသိသာသာ ကျဆင်းသွားတဲ့ ကိုယ်အလေးချိန်နဲ့ ကျစ်လျစ်လှပတဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ပရိသတ်တွေရှေ့ ချပြလိုက်ပါတယ်။
Halloween ပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ ရေချိုးကန်ထဲမှာ ရိုက်ကူးထားတဲ့ ကိုယ်လုံးတီးဆဲလ်ဖီပုံကို တင်ခဲ့ပြီး အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုတော့ သရဲတစ္ဆေ အီမိုဂျီလေးတွေနဲ့ ဖုံးကွယ်ကာ xtinaween လို့ နောက်ပြောင် ရေးသားထားပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဒီ အဆိုတော်က ၂၀၂၄ ခုနှစ် Las Vegas ဖျော်ဖြေပွဲမတိုင်မီကတည်းက ပေါင် ၄၀ ကျော်အထိ အံ့မခန်း ဝိတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို သွယ်လျလှပသွားစေဖို့အတွက် သူမက တစ်ရက်ကို ကယ်လိုရီ ၁၆၀၀ သာ စားသုံးဖို့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသလို၊ နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
အဲဒီပို့စ်ကို မြင်မြင်ချင်းမှာပဲ ပရိသတ်တွေက အလွန်အမင်း စိတ်လှုပ်ရှားခဲ့ကြပြီး သူမကို တကယ့် ကြယ်ပွင့်၊ တကယ့် icon တစ်ဦးအဖြစ် ဝိုင်းဝန်း ချီးကျူးခဲ့ကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အဲဒီလအစောပိုင်းတုန်းကလည်း သူမရဲ့ ကိုယ်ပိုင် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအမှတ်တံဆိပ် Playground ကို ပရိုမိုးရှင်းဆင်းဖို့အတွက် အခုလို ဆွဲဆောင်မှုရှိတဲ့ ရေချိုးကန်ထဲက ဓာတ်ပုံတွေကိုပဲ အသုံးပြုခဲ့ပါသေးတယ်။
လက်ရှိမှာတော့ သူမက ယခင်ကထက် ပိုမို ပိန်သွယ်လှပနေပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ အာရုံစိုက်ခံရတာကို ကျေနပ်သဘောကျနေပါတယ်။
ဒါပေမဲ့လည်း အရင်က သူမ ဖွင့်ဟဖူးတဲ့ စကားတွေအရတော့ Christina Aguilera က သူမ ငယ်ရွယ်စဉ်တုန်းကလို အလွန်အမင်း ပိန်လွန်းတဲ့ ခန္ဓာကိုယ်မျိုးကိုတော့ ပြန်မလိုချင်တော့ဘူးလို့ သိရပါတယ်။
Ref: the Sun


