Fifty Shades of Grey ဇာတ်ကားနဲ့ ကွီးတို့ရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး ဒါကိုတာ ဂျွန်ဆင် (Dakota Johnson) ကတော့ ရုပ်ရှင်တွေထဲက အချစ်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရတဲ့အခါ ကြုံတွေ့ရတဲ့ ရယ်မောဖွယ်ရာ အခက်အခဲတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ သူမဟာ အဲဒီလို ဇာတ်ဝင်ခန်းတွေ အများကြီး ရိုက်ကူးဖူးပေမယ့် မကြာသေးခင်ကမှ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး (intimacy coordinator) တစ်ဦးနဲ့ ပထမဆုံးအကြိမ် အလုပ်တွဲလုပ်ခဲ့ရပါတယ်။

အဲဒီ ညှိနှိုင်းရေးမှူးက ဇာတ်ဝင်ခန်းရိုက်ကူးရာမှာ သရုပ်ဆောင်နှစ်ဦးကြား ပိုင်းလော့စ်ဘောလုံး (pilates ball) ခံပြီး ရိုက်ကူးဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်တွေကြားမှာ အကွာအဝေး အရမ်းများသွားနိုင်တဲ့အတွက် အဲဒီလို ထူးထူးဆန်းဆန်း နည်းလမ်းကို အသုံးမပြုဖြစ်ခဲ့ပါဘူး။

တချို့ ဇာတ်ဝင်ခန်းတွေမှာတော့ သူမဟာ တစ်ယောက်တည်း သရုပ်ဆောင်ရပြီး ကင်မရာအပြင်ဘက်က တင်းနစ်ဘောလုံးကို ကြည့်ပြီး ခံစားမှုအပြည့်နဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ရပါတယ်။ ဒါ့အပြင် ကုတင်ခေါင်းရင်းကို မှီပြီး သရုပ်ဆောင်ရတဲ့ အခန်းတွေမှာဆိုရင်လည်း ကင်မရာနောက်ကနေ အမျိုးသား အဖွဲ့သားတွေက ခေါင်းငုံ့ပြီး ရပ်ကြည့်နေတတ်ကြတယ်လို့ သူမက ရယ်စရာအဖြစ် ပြောပြခဲ့ပါတယ်။

အဲဒီလို ထူးဆန်းပြီး အနေရခက်စရာ အခြေအနေတွေ ရှိပေမယ့်လည်း ဇာတ်လမ်းအတွက် လိုအပ်တယ်ဆိုရင်တော့ သူမဟာ ယုံကြည်မှုအပြည့်နဲ့ သရုပ်ဆောင်နိုင်ဆဲ ဖြစ်ပါတယ်။ သူမရဲ့ မိခင်ဖြစ်တဲ့ နာမည်ကျော် မင်းသမီး မယ်လနီ ဂရစ်ဖစ် (Melanie Griffith) က သူမရဲ့ ခန္ဓာကိုယ်ကို မြတ်နိုးတန်ဖိုးထားဖို့ သင်ကြားပေးခဲ့တာကြောင့် အခုလို သရုပ်ဆောင်တဲ့ အပိုင်းတွေမှာ အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ ဒါကိုတာ ဂျွန်ဆင်က ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

Ref : Ladbible