ကွီး တို့ အသည်းစွဲ တောင့်တောင့် ဖြောင့်ဖြောင့် ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသမီး Megan Fox ဟာ OnlyFans ရဲ့ ပူးတွဲတည်ထောင်သူ တင်စတိုကေလီနဲ့ လက်တွဲပြီး "Subs" လို့ခေါ်တဲ့ ကိုယ်ပိုင် subscription ပလက်ဖောင်းအသစ် တစ်ခုကို အံ့အားသင့်ဖွယ် စတင်မိတ်ဆက်လိုက်ပါတယ်။

အဲဒီ ပလက်ဖောင်းမှာ အခြား ဆိုရှယ်မီဒီယာတွေမှာ ဘယ်တုန်းကမှ မတင်ဖူးသေးတဲ့ သူမရဲ့ သီးသန့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို တင်ဆက်ပေးသွားမှာဖြစ်ပြီး ကွီးတို့က တစ်လကို အမေရိကန်ဒေါ်လာ ၁၉.၉၉ ဒေါ်လာ ပေးပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သူမရဲ့ အကောင့် bio မှာတော့ လေးစားမှုကင်းမဲ့တဲ့ ပြောဆိုမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ မလျော်ကန်တဲ့ အသုံးအနှုန်းတွေကို လုံးဝလက်ခံမှာ မဟုတ်ကြောင်း ပြတ်သားတဲ့ သတိပေးချက် ရေးသားထားပြီး ပရိသတ်တွေနဲ့ ရင်းနှီးလေးစားစွာ ဆက်သွယ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အထူးခြားဆုံး အချက်အနေနဲ့ကတော့ အဲဒီဝက်ဘ်ဆိုက်ကို စတင်ဖွင့်လှစ်ချိန် ပထမ ၁၀ မိနစ်အတွင်းမှာတင် ဝင်ရောက်ကြည့်ရှုသူ အလွန်အမင်း များပြားလွန်းလို့ အကြိမ်ရေ သန်း ၂၀ အထိ မြင့်တက်သွားခဲ့တဲ့အတွက် ပလက်ဖောင်း ခဏတာ ပိတ်သွားခဲ့ရတဲ့အထိကို လူစိတ်ဝင်စားမှု အထူးမြင့်တက်နေပါတယ်။
Ref : Uniladtech

