လူသားတွေရဲ့ ဘဝမှာ လိင်မှုကိစ္စဆိုတာ သဘာဝတရားတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးအတွက် ဘေးကင်းဖို့က အင်မတန် အရေးကြီးပါတယ်။
ကွီးတို့ ကိုယ်တိုင်နဲ့ မိမိချစ်ရသူရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့အတွက် ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုအကြောင်းကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။
မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ရခြင်းတွေနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ (STI) တွေကို ကာကွယ်နိုင်ဖို့ မှန်ကန်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။
အဲဒီအတွက်ကြောင့် ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ အချက်တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

အဓိကအချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
🛑 ဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ- လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ (STI) တွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရခြင်းတွေကို ကာကွယ်ဖို့အတွက် သုက်ရည်၊ မိန်းမကိုယ်အရည်နဲ့ သွေး စတဲ့ ခန္ဓာကိုယ်အရည်တွေ ဖလှယ်မှုမရှိအောင် ဆက်ဆံခြင်းပဲ ဖြစ်ပါတယ်။
🛑 ကွန်ဒုံးအသုံးပြုခြင်း- ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် STI ရောဂါအများစုနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ (၁၀၀ ရာခိုင်နှုန်း အပြည့်အဝတော့ မကာကွယ်နိုင်ပါဘူး။)

🛑 အခြားနည်းလမ်းတွေ- ကွန်ဒုံးအပြင် ပုံမှန် STI ဆေးစစ်ခြင်း၊ လိင်ဆက်ဆံဖော် အရေအတွက်ကို ကန့်သတ်ခြင်းနဲ့ ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခြင်းတွေဟာလည်း အရေးကြီးပါတယ်။
🛑 သတိပြုရမယ့် အခြေအနေတွေ- လိင်ဆက်ဆံရာမှာ အပြန်အလှန် သဘောတူညီမှုရှိဖို့ လိုအပ်ပြီး အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ အချိန်တွေမှာ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။
🛑 အကာအကွယ်မဲ့ ဆက်ဆံမိရင်- အကာအကွယ်မဲ့ ဆက်ဆံမိခဲ့ရင် အရေးပေါ် သန္ဓေတားဆေးသောက်ဖို့၊ ဆရာဝန်နဲ့ ပြသပြီး STI ရောဂါစစ်ဆေးမှု ခံယူဖို့နဲ့ HIV ကူးစက်ခံရနိုင်ခြေရှိရင် ၇၂ နာရီအတွင်း PEP ဆေးသောက်ဖို့ လိုအပ်ပါတယ်။
Ref: better health


