ကွီးတို့ ကျန်းမာရေးကောင်းဖို့ဆိုရင် မျှတတဲ့ အစားအစာစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။
ဒါပေမဲ့ ပုံမှန်လိင်ဆက်ဆံခြင်းကလည်း ခန္ဓာကိုယ်အတွက် အံ့သြစရာကောင်းလောက်အောင် အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။
သုတေသနတွေအရ လိင်မှုကိစ္စက ခေါင်းအစ ခြေအဆုံး ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် လိင်မှုကိစ္စကနေ ရရှိနိုင်တဲ့ အဓိက ကျန်းမာရေး အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်ပါ။

လိင်မှုကိစ္စကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၁၃) ချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေခြင်း - တစ်ပတ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် လိင်ဆက်ဆံသူတွေမှာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးတဲ့ ပဋိပစ္စည်း ပိုမိုထွက်ရှိပါတယ်။
၂။ နှလုံးကျန်းမာရေးကို တိုးတက်စေခြင်း - နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပြီး သွေးပေါင်ချိန်ကို ကျဆင်းစေပါတယ်။

၃။ နာကျင်မှုကို သက်သာစေခြင်း - လိင်ဆက်ဆံချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် ခေါင်းကိုက်တာနဲ့ တခြားနာကျင်မှုတွေကို သက်သာစေပါတယ်။
၄။ ဆက်ဆံရေးကို ပိုမိုခိုင်မာစေခြင်း - လိင်ဆက်ဆံပြီးနောက် ၄၈ နာရီအတွင်းမှာ စိတ်ကျေနပ်မှု ပိုမိုရရှိကာ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါတယ်။

၅။ ပိုမိုပျော်ရွှင်တဲ့ စိတ်ခံစားချက် - လိင်ဆက်ဆံချိန်မှာ ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် စိတ်ကို ပိုမိုပျော်ရွှင်စေပါတယ်။
၆။ ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေခြင်း - ခန္ဓာကိုယ်ကို ပြေလျော့စေတဲ့ ဟော်မုန်းတွေ ထွက်ရှိလာတာကြောင့် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

၇။ တင်ပဆုံကွင်း ကြွက်သားတွေကို ပိုမိုသန်စွမ်းစေခြင်း - အမျိုးသမီးတွေမှာ တင်ပဆုံကွင်း ကြွက်သားတွေကို သန်စွမ်းစေပြီး ဆီးထိန်းနိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။
၈။ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေနိုင်ခြင်း - လိင်မှုကိစ္စ နည်းပါးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများနိုင်တယ်လို့ လေ့လာမှုအချို့က ဆိုပါတယ်။

၉။ သွေးဆုံးတာကို နောက်ကျစေခြင်း - ပုံမှန် လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေမှာ သွေးဆုံးတာကို ပိုမိုနောက်ကျစေနိုင်ပါတယ်။
၁၀။ ကျောက်ကပ်ကျောက်တည်တာကို အလိုအလျောက် ကျဆင်းစေခြင်း - ကျောက်ကပ်ကျောက်တည်တဲ့ အမျိုးသမီးတွေမှာ ကျောက်ကို ပိုမိုလွယ်ကူစွာ ကျဆင်းစေပါတယ်။

၁၁။ ရာသီစက်ဝန်းကို ပိုမိုမှန်ကန်စေခြင်း - ပုံမှန် လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေမှာ ရာသီစက်ဝန်း ပိုမိုမှန်ကန်လေ့ရှိပါတယ်။
၁၂။ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ လျော့နည်းခြင်း - အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။
၁၃။ ပန်းသေပန်းညှိုးဖြစ်ခြင်းကို သက်သာစေခြင်း - ပုံမှန် လိင်ဆက်ဆံတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်ခြင်း ပြဿနာကို သက်သာစေပါတယ်။
Ref: singlecare


