ကွီးတိုင်းက မိမိနဲ့ မိမိချစ်သူရဲ့ သာယာပျော်ရွှင်မှုအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ ဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ စိတ်ဖိစီးမှုတွေနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းတာမျိုး ကြုံတွေ့ရတတ်ပါတယ်။

အဲဒီလိုအခြေအနေမျိုးကို ကျော်လွှားပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့က မခက်ခဲလှပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲရုံနဲ့တင် သိသာတဲ့ တိုးတက်မှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၁။ ပဏာမအစပျိုးခြင်း (Foreplay) ကို အချိန်ပိုပေးခြင်းဖြင့် နှစ်ဦးစလုံးအတွက် သာယာမှုကို ပိုမိုရရှိစေနိုင်ပါတယ်။

၂။ အချိန်ပိုမိုကြာရှည်စေဖို့နဲ့ စိတ်အေးချမ်းမှုရရှိဖို့ စတင်လိုက် ရပ်လိုက်လုပ်တဲ့ (Start-stop) နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

၃။ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကနေ ခွဲထွက်ပြီး ပုံစံသစ်တွေ၊ နေရာသစ်တွေကို စမ်းသပ်ကြည့်တာကလည်း စိတ်လှုပ်ရှားမှုကို ပိုမိုတိုးတက်စေပါတယ်။

၄။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်းတို့နဲ့ စိတ်ကို တည်ငြိမ်အောင် ထားသင့်ပါတယ်။

၅။ ဆေးလိပ်သောက်ခြင်းက သွေးလှည့်ပတ်မှုကို ထိခိုက်စေပြီး လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်တဲ့အတွက် ဆေးလိပ်ဖြတ်ဖို့ လိုအပ်ပါတယ်။

၆။ အဖော်ဖြစ်သူနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခြင်းကလည်း အလွန်အရေးကြီးပါတယ်။

၇။ အိမ်ရာပြင်ပက ဆက်ဆံရေးပြဿနာတွေကို နားလည်မှုရှိရှိ ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။

၈။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အထူးသဖြင့် တင်ဆုံကြွက်သားလေ့ကျင့်ခန်း (Kegel) တွေ ပြုလုပ်ပေးခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး စွမ်းဆောင်ရည်ကို သိသိသာသာ မြင့်တက်စေပါတယ်။

၉။ ပစ္စုပ္ပန်မှာ သတိကပ်နေထိုင်တဲ့ (Mindfulness) အလေ့အကျင့်က စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။

၁၀။ လိုအပ်လာပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ သဘာဝဆေးဘက်ဝင်အပင်တွေကို အသုံးပြုနိုင်ပါတယ်။

၁၁။ စိတ်ကျန်းမာရေး၊ စိုးရိမ်ပူပန်မှုနဲ့ ဆက်ဆံရေးပြဿနာတွေအတွက် နှစ်သိမ့်ဆွေးနွေးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးမှု ခံယူသင့်ပါတယ်။

၁၂။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူနိုင်ဖို့နဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

၁၃။ ဆီးချို၊ နှလုံးစတဲ့ နာတာရှည်ရောဂါတွေကို စနစ်တကျ ကုသမှုခံယူပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Ref : medicalnewstoday