ဂျပန် အဆိုတော်နဲ့ သီချင်းရေးဆရာမဖြစ်တဲ့ နာနဆေးအွန်ဟာ သူမရဲ့ ဆိုရှယ်မီဒီယာတွေမှာ သီချင်းဗီဒီယိုတွေကို မျှဝေခဲ့ပြီးနောက် ပထမဆုံး တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ make my own days ကို တရားဝင် ထွက်ရှိခဲ့ပါတယ်။

အဲဒီလို သီချင်းအသစ် ထွက်ရှိလာပြီး ရက်ပိုင်းအကြာမှာပဲ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ထုတ်ပြန်ခဲ့တဲ့ စာတစ်စောင်မှာ Adult Video (အရွယ်ရောက်ပြီးသူများဆိုင်ရာ ဗီဒီယို) မင်းသမီးတစ်လက်အနေနဲ့ အနုပညာလောကထဲ အံ့အားသင့်ဖွယ် စတင်ဝင်ရောက်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

သူမရဲ့ ပထမဆုံး ဗီဒီယိုကို မတ်လ ၃ ရက်နေ့မှာ ဖြန့်ချိထားပြီဖြစ်ပြီး အဲဒီလို ထူးခြားတဲ့ လုပ်ဆောင်မှုတွေနဲ့အတူ သူမရဲ့ အနုပညာခရီးလမ်းသစ်မှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။
Ref : Koreaboo


