လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ အချစ်ရေးမှာ ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နေ့စဉ်အပြုအမူတွေကနေတစ်ဆင့် အဲဒီအချက်ကို အလွယ်တကူ သိနိုင်ပါတယ်။
ယုံကြည်မှုရှိပြီး ပျော်ပျော်နေတတ်သူတွေက အိပ်ရာထဲမှာ ပိုပြီးဆွဲဆောင်မှုရှိတတ်ကြပါတယ်။ အခုဖော်ပြပေးမယ့် ထူးခြားတဲ့ လက္ခဏာတွေက သင့်ရဲ့လက်တွဲဖော်ဟာ အိပ်ရာထဲမှာ ဘယ်လောက်အထိ အချစ်ကြမ်းနိုင်လဲဆိုတာကို ဖော်ပြနေပါတယ်။

၁။ မျက်လုံးချင်းဆုံဖို့ မကြောက်ရွံ့ခြင်း
သင့်ကို ရဲရဲဝံ့ဝံ့ စိုက်ကြည့်တတ်သူတွေက အိပ်ရာထဲမှာလည်း အဲဒီလို ဆွဲဆောင်မှုမျိုး ပေးစွမ်းနိုင်ပါတယ်။ သူတို့က မျက်တောင်မခတ်ဘဲ စူးစူးစိုက်စိုက် ကြည့်တတ်ကြပြီး သင့်ကို အပြည့်အဝ အာရုံစိုက်ပေးနိုင်စွမ်း ရှိကြပါတယ်။

၂။ အကအခုန် ဝါသနာပါခြင်း
စည်းချက်ကျကျ ကတတ်သူတွေက အိပ်ရာထဲမှာလည်း လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်စွာ နေထိုင်တတ်ပါတယ်။ သီချင်းသံကြားတာနဲ့ ခန္ဓာကိုယ်ကို လိုက်လှုပ်တတ်တဲ့ သူတွေဟာ အချစ်ရေးမှာလည်း စည်းချက်ညီညီနဲ့ သာယာမှုကို ဖန်တီးပေးနိုင်ပါတယ်။

၃။ အစားအသောက် ကြိုက်နှစ်သက်ခြင်း
အစားအသောက်ကို ခံစားပြီး စားတတ်သူတွေက အချစ်ရေးမှာလည်း အလျင်စလိုမလုပ်ဘဲ သာယာမှုကို အပြည့်အဝ ခံစားတတ်ကြပါတယ်။ အစားအသောက်ရဲ့ အရသာနဲ့ အပြင်အဆင်ကို သေချာခံစားတတ်သူတွေဟာ အိပ်ရာထဲမှာလည်း အချိန်ယူပြီး စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပါတယ်။
၄။ သင့်အကြောင်းကို စိတ်ဝင်တစား မေးမြန်းခြင်း
သင့်ရဲ့ အကြောင်းတွေကို သိချင်စိတ်ပြင်းပြသူတွေက အိပ်ရာထဲမှာ သင်ဘာကြိုက်တတ်လဲဆိုတာကိုလည်း ဂရုတစိုက် သိချင်ကြပါတယ်။ သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ မျှော်လင့်ချက်တွေကို သေချာနားထောင်ပေးတတ်သူတွေဟာ အချစ်ရေးမှာလည်း ကောင်းမွန်တဲ့ ဆက်သွယ်မှုမျိုး တည်ဆောက်နိုင်ပါတယ်။

၅။ စာအုပ်တွေ အများကြီး ဖတ်ခြင်း
စာဖတ်ဝါသနာပါသူတွေက အသစ်အဆန်းတွေကို ရှာဖွေလေ့လာချင်စိတ်ရှိကြပါတယ်။ စာအုပ်တွေကတစ်ဆင့် ကမ္ဘာသစ်တွေကို ရှာဖွေတတ်သူတွေဟာ အိပ်ရာထဲမှာလည်း အသစ်အဆန်းတွေကို စူးစမ်းလေ့လာဖို့ ဝန်မလေးတတ်ကြပါဘူး။
၆။ အလိုအလျောက် တုံ့ပြန်တတ်ခြင်း
ကြိုတင်မစီစဉ်ထားတဲ့ အစီအစဉ်တွေမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်တတ်သူတွေက အိပ်ရာထဲမှာလည်း အသစ်အဆန်းတွေကို စမ်းသပ်ဖို့ ဝန်မလေးကြပါဘူး။ ရုတ်တရက် ခရီးထွက်တာမျိုးတွေကို သဘောကျသူတွေဟာ အချစ်ရေးမှာလည်း စိတ်လှုပ်ရှားစရာတွေကို ဖန်တီးနိုင်စွမ်း ရှိပါတယ်။

၇။ ကိုယ့်အမှားကို ရယ်မောနိုင်ခြင်း
လမ်းလျှောက်ရင်း ခလုတ်တိုက်တာမျိုးလို အမှားလုပ်မိတဲ့အခါ ပေါ့ပေါ့ပါးပါး ရယ်မောနိုင်သူတွေက အိပ်ရာထဲမှာလည်း စိတ်သက်တောင့်သက်သာနဲ့ အချစ်ရေးကို ဖန်တီးပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အလေးအနက်မထားတတ်သူတွေဟာ အချစ်ရေးမှာ ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။
၈။ ဝါသနာပါရာကို ပြင်းပြင်းပြပြ လုပ်ဆောင်ခြင်း
နေ့စဉ်ဘဝမှာ ကိုယ်ဝါသနာပါရာကို အာရုံစိုက်လုပ်ကိုင်တတ်သူတွေက အချစ်ရေးမှာလည်း စိတ်ရောကိုယ်ပါ နှစ်ထားတတ်ကြပါတယ်။ ရုပ်ရှင်ကြည့်တာ၊ ဟင်းချက်တာ စတဲ့ ဝါသနာတွေကို အလေးအနက်ထားသူတွေဟာ အချစ်ရေးမှာလည်း ခံစားချက်အပြည့်နဲ့ ဆက်ဆံတတ်ကြပါတယ်။

၉။ ဒိတ်လုပ်ချိန်မှာ ဂရုတစိုက်ရှိခြင်း
သင့်ရဲ့ လိုအပ်ချက် သေးသေးလေးတွေကအစ သတိထားမိသူတွေက အိပ်ရာထဲမှာလည်း သင့်ကို အထူးဂရုစိုက်ပေးမှာ ဖြစ်ပါတယ်။ သင့်ရဲ့ မျက်နှာအမူအရာ အပြောင်းအလဲကို ချက်ချင်းရိပ်မိပြီး ဂရုစိုက်ပေးတတ်သူတွေဟာ အိပ်ရာထဲမှာလည်း သင့်ရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပါတယ်။
Ref : bustle


