ချစ်သူစုံတွဲတွေကြားမှာ ရင်းနှီးမှုရယူတဲ့အချိန်ဟာ အင်မတန် အရေးကြီးပါတယ်။ အဲဒီလိုအချိန်မှာ စကားတစ်ခွန်းမှားပြောမိတာနဲ့ သာယာနေတဲ့အချိန်တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။

TikTok မှာ ရေပန်းစားနေတဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာကုထုံးပညာရှင်တွေက အကြံပြုထားပါတယ်။

လိင်ဆက်ဆံချိန်မှာ ဘယ်လိုစကားတွေနဲ့ အပြုအမူတွေက အငွေ့အသက်ကို ချက်ချင်းပျက်စီးစေနိုင်လဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ "ပြီးတော့မှာလား" လို့ မေးခြင်း

ဒီလိုမေးတာက ကိုယ်တိုင်က တခြားတစ်နေရာရာကို ရောက်ချင်နေတယ်ဆိုတာကို ပြသရာရောက်ပါတယ်။ အဖော်ဖြစ်သူကို ဖိအားပေးသလိုဖြစ်စေပြီး စိတ်မသက်မသာဖြစ်စေတဲ့အပြင် ပြီးမြောက်ဖို့ကိုတောင် ပိုကြာသွားစေနိုင်ပါတယ်။

၂။ "ဘာလို့ အဲဒီလောက် အသက်ရှူပြင်းနေတာလဲ" လို့ မေးခြင်း

လိင်ဆက်ဆံတာက ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုဖြစ်တဲ့အတွက် အသက်ရှူပြင်းတာက ပုံမှန်ပါပဲ။ ဒါကို ထောက်ပြတာက မလိုအပ်ဘဲ တင်းမာမှုတွေ ဖြစ်စေနိုင်ပါတယ်။

၃။ ရွံရှာတဲ့ အကြည့်နဲ့ ကြည့်ခြင်း

စကားနဲ့မပြောဘဲ အမူအရာနဲ့ပြတာက ပိုဆိုးပါတယ်။ စိတ်အားငယ်နေချိန်မှာ ရွံရှာတဲ့အကြည့်နဲ့ အကြည့်ခံရတာက ပယ်ချခံရတယ်လို့ ခံစားရစေပြီး ဆက်ဆံရေးကိုတောင် ထိခိုက်စေနိုင်ပါတယ်။

၄။ "ဒါက ပထမဆုံးအကြိမ်လား" လို့ မေးခြင်း

ဒီလိုမေးတာက အဖော်ကို ရှက်ရွံ့စေပြီး စိတ်မသက်မသာ ဖြစ်စေပါတယ်။ ဒီလိုအကြောင်းအရာတွေကို အိပ်ရာပေါ်မရောက်ခင် ကတည်းက ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။

၅။ "ဒီလောက် ချွေးထွက်များတာ ပုံမှန်ပဲလား" လို့ မေးခြင်း

ကိုယ်ကာယလှုပ်ရှားမှုလုပ်ချိန်မှာ ချွေးထွက်တာက သဘာဝဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ထိန်းချုပ်လို့မရတဲ့ ကိစ္စတစ်ခုအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးအောင် လုပ်တာက လုံးဝမလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။

Ref: vice