လူတိုင်းက ဘဝမှာ အောင်မြင်ချမ်းသာချင်ကြပေမယ့် တကယ့်လက်တွေ့မှာတော့ လူနည်းစုကသာ ထိပ်ဆုံးကို ရောက်သွားတတ်ကြပါတယ်။ ဘာကြောင့် ဒီလိုကွာခြားသွားရသလဲဆိုတာကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေက အဓိကကျနေတာကို တွေ့ရပါတယ်။ စာရင်းကိုင်နဲ့ ဘဏ္ဍာရေးအကြံပေး Tom Corley ဆိုသူက ကိုယ့်ထူးကိုယ်ချွန် သူဌေးပေါင်း ၂၀၀ ကျော်ကို ၅ နှစ်ကြာ လေ့လာပြီးနောက်မှာ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိခဲ့တဲ့ အလွန်အောင်မြင်တဲ့သူတွေရဲ့ တူညီတဲ့ အလေ့အကျင့် ၉ ခုကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာ ဖြစ်ပါတယ်။
၁။ မနက်စောစောထခြင်း - အလုပ်မစခင် အနည်းဆုံး ၃ နာရီလောက်စောထပြီး ကိုယ်ပိုင်ကိစ္စတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေအတွက် အချိန်ပေးကြပါတယ်။

၂။ စာဖတ်အားကောင်းခြင်း - တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် အတ္ထုပ္ပတ္တိစာအုပ်တွေ၊ သမိုင်းနဲ့ မိမိကိုယ်ကို တိုးတက်စေမယ့် စာအုပ်တွေကို ဖတ်ရှုလေ့လာကြပါတယ်။

၃။ အာရုံစူးစိုက် စဉ်းစားတွေးခေါ်ခြင်း - နေ့စဉ် ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ အလုပ်အကိုင်၊ ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးတွေအကြောင်း သီးသန့် အချိန်ယူ စဉ်းစားလေ့ရှိကြပါတယ်။
၄။ လေ့ကျင့်ခန်းလုပ်ခြင်းကို ဦးစားပေးခြင်း - နေ့စဉ် နာရီဝက်ခန့် ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ စတဲ့ လေ့ကျင့်ခန်း တစ်ခုခုကို ပြုလုပ်ကြပါတယ်။

၅။ စိတ်ခွန်အားပေးသူတွေနဲ့သာ အချိန်ဖြုန်းခြင်း - အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကို ရှောင်ရှားပြီး ရည်မှန်းချက်ကြီးမားတဲ့ သူတွေ၊ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့သာ ပေါင်းသင်းဆက်ဆံကြပါတယ်။
၆။ ကိုယ်ပိုင်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ခြင်း - သူတစ်ပါးရဲ့ အိပ်မက်တွေနောက် မလိုက်ဘဲ ကိုယ်ပိုင်ရည်မှန်းချက်တွေကိုသာ တစိုက်မတ်မတ် အကောင်အထည်ဖော်ကြပါတယ်။
၇။ အိပ်ရေးဝဝအိပ်ခြင်း - မှတ်ဉာဏ်နဲ့ ဖန်တီးနိုင်စွမ်း တိုးတက်စေဖို့အတွက် တစ်ညကို အနည်းဆုံး ၇ နာရီ ဒါမှမဟုတ် ၈ နာရီ အိပ်စက်ကြပါတယ်။

၈။ ဝင်ငွေလမ်းကြောင်း တွေဖန်တီးထားခြင်း - ဝင်ငွေတစ်ခုတည်းကိုသာ အားမကိုးဘဲ ဝင်ငွေရလမ်း အနည်းဆုံး ၃ ခုလောက် ဖန်တီးထားလေ့ရှိကြပါတယ်။
၉။ အချိန်ဖြုန်းခြင်းကို ရှောင်ကြဉ်ခြင်း - အချိန်ကို အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုလို သဘောထားပြီး အင်တာနက်၊ လူမှုကွန်ရက်တွေပေါ်မှာ အချိန်ဖြုန်းတာတွေကို ကန့်သတ်ထားကြပါတယ်။
Ref : cnbc


