ဂီတဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ မပါမဖြစ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သီချင်းတွေကို နားကြပ်တပ်ပြီး အသံကျယ်ကျယ် နားထောင်တာက ကွီးတို့ရဲ့ အကြားအာရုံကို တိတ်တဆိတ် ထိခိုက်စေနိုင်တယ်ဆိုတာကို သတိပြုမိကြရဲ့လား။

ဒီလို အသံကျယ်တွေနဲ့ ရေရှည်ထိတွေ့နေတာက နားလေးတာအပြင် အကြားအာရုံ လုံးဝဆုံးရှုံးသွားတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အကြားအာရုံကို မထိခိုက်စေဖို့ သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

အဓိကအချက်များ

🛑 နားကြပ်ကို အမြဲတမ်းသုံးတာနဲ့ ပွဲတွေမှာ အသံကျယ်ကျယ် နားထောင်တာက အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။

🛑 ရောဂါလက္ခဏာတွေအနေနဲ့ နားအကြားအာရုံလျော့ကျလာတာနဲ့ နားထဲမှာ အသံတွေမြည်နေတာမျိုး ခံစားရနိုင်ပါတယ်။

🛑 အသံ ၈၅ ဒက်စီဘယ်လ်အထက်ကို အချိန်ကြာကြာ နားထောင်တာက အကြားအာရုံကို ထိခိုက်စေနိုင်ပြီး ၁၂၀ ဒက်စီဘယ်လ်လို အသံမျိုးကတော့ ချက်ချင်းကို ထိခိုက်စေနိုင်ပါတယ်။

🛑 ၆၀-၈၀ ဒက်စီဘယ်လ်အထက် ဆူညံတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကြာကြာ နေထိုင်တာကို ရှောင်ကြဉ်ရပါမယ်။

🛑 ရေငုပ်တဲ့အခါ ရေဖိအားကြောင့် နားအတွင်း သွေးကြောပေါက်ပြီး အကြားအာရုံ ထိခိုက်နိုင်တဲ့အတွက် သေချာလေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

🛑 ဖုန်း၊ သီချင်းနားထောင်တဲ့ စက်တွေနဲ့ နားကြပ်တွေကို အသံကျယ်ကျယ်နဲ့ အချိန်ကြာကြာ အသုံးပြုတာကို လျှော့ချရပါမယ်။

🛑 မဖြစ်မနေ ဆူညံတဲ့နေရာကို သွားရမယ်ဆိုရင် နားအကာအကွယ် ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။

🛑 နားကို အနားပေးဖို့နဲ့ လုံလောက်တဲ့ အိပ်စက်အနားယူမှု ရရှိဖို့လည်း လိုအပ်ပါတယ်။

🛑 ဓာတ်မတည့်တာကနေ နားကိုက်တာ၊ နားပြည်ယိုတာတွေ ဖြစ်တတ်တဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ လိုအပ်ရင် ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးပါတယ်။

Ref : Khaosod