တရုတ်နိုင်ငံက သုတေသီတွေဟာ အမျိုးသား ၂၇,၀၀၀ နီးပါးကို လေ့လာခဲ့ရာမှာ တင်းကျပ်တဲ့ အတွင်းခံ ဝတ်ဆင်ခြင်းဟာ သုက်ကောင် အရည်အသွေး ကျဆင်းမှုနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
လျော့ရဲတဲ့ အတွင်းခံ ဝတ်သူ ၂၁,၂၂၁ ဦးနဲ့ တင်းကျပ်တဲ့ အတွင်းခံ ဝတ်သူ ၅,၆၁၅ ဦးတို့ကို နှိုင်းယှဉ်ခဲ့ခြင်း ဖြစ်ပါတယ်။

တင်းကျပ်တဲ့ အတွင်းခံ ဝတ်ဆင်သူတွေဟာ သုက်ရည်ထွက်ရှိမှု နည်းပါးခြင်း၊ ရွေ့လျားနိုင်တဲ့ သုက်ကောင် အရေအတွက် နည်းပါးခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ သုက်ကောင်တွေ ပိုများခြင်းတို့ကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့မှာ လိင်တံ မတောင်မတ်နိုင်ခြင်းနဲ့ သုက်လွှတ်မြန်ခြင်း ပြဿနာတွေလည်း ပိုမို ဖြစ်ပွားကြောင်း သိရပါတယ်။

အဲဒီလို ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ အပူချိန် ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဝှေးစေ့ တစ်ဝိုက်မှာ အပူချိန် မြင့်မားခြင်းဟာ သုက်ကောင် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး တင်းကျပ်တဲ့ အတွင်းခံတွေဟာ လေဝင်လေထွက် နည်းပါးတဲ့အတွက် အပူချိန်ကို ၁ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်စေနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီ လေ့လာမှုမှာ ပါဝင်သူတွေဟာ မျိုးပွားနိုင်စွမ်း စစ်ဆေးမှု ခံယူနေသူတွေ ဖြစ်တဲ့အတွက် ယေဘုယျ လူထု တစ်ခုလုံးနဲ့ ကိုက်ညီမှု ရှိမှာ မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လျော့ရဲတဲ့ အတွင်းခံတွေကို ရွေးချယ် ဝတ်ဆင်ခြင်းဟာ သုက်ကောင် အရည်အသွေးနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ဖို့ လွယ်ကူတဲ့ နည်းလမ်း တစ်ခု ဖြစ်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။
Ref : Yahoo


