ကွီး တို့အနေနဲ့ ကိုယ့်ရဲ့လိင်အင်္ဂါအရွယ်အစားနဲ့ ပတ်ပြီး အမြဲတမ်းလိုလို စိုးရိမ်ပူပန်တတ်ကြပေမဲ့ လက်တွေ့မှာတော့ လူအများစု ထင်ထားသလောက် ကြီးမားဖို့ မလိုပါဘူး။ လိင်အင်္ဂါအရွယ်အစားဟာ အမျိုးသားတွေရဲ့ အမျိုးသားပီသမှု၊ တက်စတီစတုန်းဟိုမုန်းပမာဏနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိပါဘူး။ အဲဒီလို မမှန်ကန်တဲ့ အယူအဆတွေကြောင့်ပဲ လူတွေဟာ မလိုအပ်ဘဲ စိုးရိမ်ပူပန်နေကြရတာ ဖြစ်ပါတယ်။

လေ့လာမှုတွေအရ  ပုံမှန်တောင်မတ်နေတဲ့ လိင်အင်္ဂါရဲ့ ပျမ်းမျှအရှည်ဟာ ၅ ဒသမ ၁ လက်မနဲ့ ၅ ဒသမ ၅ လက်မကြားမှာသာ ရှိပါတယ်။ ဒါပေမဲ့ လူအများစုက ကိုယ့်ရဲ့အရွယ်အစားနဲ့ ပတ်ပြီး အချက်အလက်တွေကို ချဲ့ကားပြောဆိုလေ့ရှိကြတာကြောင့် တခြားသူတွေကိုပါ စိုးရိမ်ပူပန်လာစေပါတယ်။

အမျိုးသမီးတွေရဲ့ စိတ်ကျေနပ်မှု အရှိဆုံး ကတော့ အရွယ်အစားထက် သုံးတဲ့နည်းလမ်းနဲ့ အနေအထားကသာ ပိုပြီးအဓိကကျတယ်လို့ ဆိုပါတယ်။

Ref : Men’s Health