အချစ်ရေးနဲ့ သံယောဇဉ်ခိုင်မြဲဖို့အတွက် အိပ်ရာထဲက နားလည်မှုတွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ဒါပေမဲ့ လိင်ဆက်ဆံချိန်မှာ အမျိုးသမီးအများစုကသာ အသံထွက်တတ်ကြပြီး ကွီးတွေကတော့ တိတ်တိတ်ဆိတ်ဆိတ် နေလေ့ရှိတာကို တွေ့ရပါတယ်။
တကယ်တော့ အမျိုးသားတွေဆီကနေ ထွက်ပေါ်လာတဲ့ ညည်းတွားသံတွေက အမျိုးသမီးတွေအတွက်တော့ အဆွဲဆောင်နိုင်ဆုံး အရာတစ်ခု ဖြစ်နေပါတယ်။
ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဘာကြောင့် အသံပိုထွက်ပေးသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်တွေကို အသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

၁။ အမျိုးသမီးတွေရဲ့ ဆန္ဒနဲ့ အမြင်
Lovehoney ရဲ့ စစ်တမ်းအရ အမျိုးသမီး ၉၄ ရာခိုင်နှုန်းက လိင်ဆက်ဆံချိန်မှာ သူတို့က ပိုပြီး အသံကျယ်ကျယ်ထွက်တတ်တယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက သူတို့ရဲ့ လက်တွဲဖော် အမျိုးသားတွေကိုလည်း အဲဒီလိုပဲ အသံထွက်စေချင်ကြပါတယ်။ Reddit မှာ ဖြေဆိုထားတဲ့ အမျိုးသမီးတွေရဲ့ အဆိုအရ အမျိုးသားတွေဆီကနေ ကြားရတဲ့ ညည်းတွားသံတွေက သူတို့ကို ပိုပြီး စိတ်လှုပ်ရှားစေသလို တိတ်ဆိတ်နေတာထက်စာရင် ဆွဲဆောင်မှုအရှိဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ကတော့ အမျိုးသားတွေရဲ့ ညည်းသံဟာ ပွင့်လင်းမှုကို ပြသတာဖြစ်လို့ အရမ်းကို ဆွဲဆောင်မှုရှိတယ်လို့ သုံးသပ်ထားကြပါတယ်။

၂။ ဘာကြောင့် အမျိုးသားတွေ တိတ်ဆိတ်နေရသလဲ
အမျိုးသားတချို့ကတော့ အပြာကားတွေမှာ တွေ့ရတဲ့အတိုင်း တိတ်တိတ်နေဖို့ အသားကျနေတာကြောင့် အသံထွက်ရမှာကို ရှက်ရွံ့နေတတ်ကြပါတယ်။ တချို့ကတော့ အချိန်ကြာကြာ ဆက်ဆံနိုင်ဖို့နဲ့ လက်တွဲဖော် သာယာမှုအပြည့်အဝရဖို့အတွက် စိတ်ကို စုစည်းထားချင်လို့ အသံမထွက်ဘဲ နေကြတာ ဖြစ်ပါတယ်။ သတိထားရမယ့် အချက်ကတော့ အသံတိတ်နေခြင်းဟာ တစ်ခါတစ်ရံမှာ အနေခက်စေနိုင်ပါတယ်။

၃။ ကျွမ်းကျင်သူရဲ့ အကြံပြုချက်နဲ့ အကျိုးကျေးဇူး
ကုထုံးပညာရှင် Tiff Hudson ရဲ့ အဆိုအရ အသံထွက်တာဟာ လက်တွဲဖော်ကို သာယာမှုရှိကြောင်း သက်သေပြတာဖြစ်ပြီး ယုံကြည်မှုနဲ့ နီးစပ်မှုကို ပိုမိုနက်ရှိုင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသံထွက်ခြင်းအားဖြင့် ဘယ်လို အထိအတွေ့မျိုးကို သဘောကျတယ်ဆိုတာကို နားလည်စေပြီး အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။ Bloom Stories ရဲ့ သုတေသနမှာလည်း အသက် ၂၅ ကနေ ၃၄ နှစ်ကြား လူ ၉၄ ရာခိုင်နှုန်းက ညည်းတွားသံဟာ စိတ်လှုပ်ရှားမှုကို မြင့်တက်စေတဲ့ အကောင်းဆုံးနည်းလမ်းလို့ ဖြေဆိုထားကြပါတယ်။

၄။ အမျိုးသားတွေအတွက် လက်တွေ့ကျတဲ့ အကြံပြုချက်
အမျိုးသားတွေအနေနဲ့ အစပိုင်းမှာ သဘာဝကျကျ အသက်ရှူသံ ပြောင်းလဲတာ၊ ညည်းသံတိုလေးတွေ ပြုလုပ်တာကနေ စတင်နိုင်ပါတယ်။ အဲဒီနောက်မှာ လိုလားကြောင်းပြတဲ့ "ဟုတ်တယ်"၊ "အဲဒီနေရာလေးပဲ" စတဲ့ စကားလုံးလေးတွေနဲ့ တွဲပြီး အသုံးပြုနိုင်ပါတယ်။ ကိုယ့်ချစ်သူနဲ့ အတူမရှိချိန်တွေမှာလည်း လေ့ကျင့်ကြည့်တာက နောက်ပိုင်းမှာ သဘာဝကျကျ အသံထွက်လာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
Ref: metro


