ချစ်သူစုံတွဲတွေကြားမှာ သာယာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။တစ်ခါတစ်ရံမှာ စွမ်းဆောင်ရည်ကျဆင်းတာတွေ ကြုံတွေ့ရတတ်ပေမယ့် စိတ်ပျက်အားငယ်စရာ မလိုပါဘူး။
မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေနဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေက သင့်ရဲ့စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်လာစေနိုင်ပါတယ်။
အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းတွေကတော့ သင့်ရဲ့ လိင်မှုဘဝကို ပိုမိုပြည့်စုံကောင်းမွန်လာစေဖို့ ကူညီပေးနိုင်မှာ သေချာပါတယ်။

၁။ လိင်မှုဘဝစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် ခန္ဓာကိုယ်ကြွက်သားတွေကို သန်စွမ်းစေမယ့် အလေးမတာ၊ ဒိုက်ထိုးတာ၊ ပလန့်ထောက်တာ (Plank) နဲ့ ကီဂယ် (Kegel) လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။
၂။ ကြွက်သားတွေ ပြောင်းလွယ်ပြင်လွယ်ရှိစေဖို့ ယောဂကျင့်တာနဲ့ အကြောလျှော့တာတွေအပြင် အသက်ရှူမှန်စေမယ့် လေ့ကျင့်ခန်းတွေကိုပါ တွဲဖက်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
၃။ အစားအသောက်ပိုင်းမှာဆိုရင် အားလုံးအတွက် သင့်တော်တဲ့ ငရုတ်သီး၊ ဂျင်း၊ ငှက်ပျောသီး၊ အုတ်ဂျုံ၊ အနီရောင်အသား၊ ဥအမျိုးမျိုးနဲ့ အိုမီဂါ ၃ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးရပါမယ်။

၄။ အမျိုးသားတွေအတွက် ဖရဲသီး၊ ဆယ်လ်မွန်ငါး၊ အခွံမာသီးတွေက အထောက်အကူဖြစ်စေပြီး အမျိုးသမီးတွေအတွက်တော့ ဟင်းနုနွယ်၊ ထောပတ်သီး၊ ဒိန်ချဉ်နဲ့ ပင်လယ်စာတွေက စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။
၅။ ဂျင်ဆင်း၊ မာကာ (Maca) နဲ့ အခြားသဘာဝဆေးဘက်ဝင်အပင်တွေကလည်း လိင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်တွေ ရှိကြပါတယ်။
၆။ ဒါ့အပြင် လိင်မဆက်ဆံခင် အရက်သောက်တာကို ရှောင်ကြဉ်တာ၊ ပဏာမနှီးနှောမှု (Foreplay) ကို အချိန်ပေးလုပ်ဆောင်တာနဲ့ ချောဆီအသုံးပြုတာတွေကလည်း အချိန်ကို ပိုမိုကြာရှည်စေနိုင်ပါတယ်။
၇။ အကယ်၍ နာကျင်မှုခံစားရတာ၊ စွမ်းဆောင်နိုင်စွမ်းမရှိတော့တာ စတဲ့ ပြဿနာတွေ ကြုံတွေ့လာရရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုအပ်ပါတယ်။
Ref: vinmec


