တစ်ကမ္ဘာလုံးက ချစ်ကြတဲ့ Spider-Man မင်းသား ကွီးTobey Maguire ဟာ သူ့ရဲ့ဇနီးဟောင်းဖြစ်တဲ့ Jennifer Meyer နဲ့ Geoffrey Ogunlesi တို့ရဲ့ မင်္ဂလာပွဲမှာ လက်ထပ်ထိမ်းမြားပေးတဲ့ အခမ်းအနားမှူးအဖြစ် ဦးစီးဆောင်ရွက်ပေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်က လမ်းခွဲခဲ့ကြပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာမှ ကွာရှင်းပြတ်စဲမှုတွေ ပြီးမြောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမင်္ဂလာပွဲကို ဟာဝိုင်ယီကျွန်းက Four Seasons Resort Lanai မှာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို Leonardo DiCaprio နဲ့ Jeff Bezos အစရှိတဲ့ နာမည်ကျော်ဧည့်သည်တွေနဲ့အတူ Jennifer Meyer နဲ့ Tobey Maguire တို့ရဲ့ သားသမီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Tobey Maguire နဲ့ Jennifer Meyer တို့ဟာ ၂၀၁၆ ခုနှစ်မှာ သဘောတူ လမ်းခွဲခဲ့ကြပြီး Jennifer Meyer က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ကွာရှင်းဖို့ တရားရုံးမှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ တရားဝင် ကွာရှင်းပြီးနောက်မှာလည်း သားသမီးတွေကို အတူတကွ ပျိုးထောင်စောင့်ရှောက်နေကြပြီး အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် ဆက်လက် ရပ်တည်နေကြပါတယ်။

Jennifer Meyer က Tobey Maguire ဟာ သူမရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ကြောင်းနဲ့ ခင်ပွန်းဟောင်းကောင်း တစ်ဦးဖြစ်ကြောင်း Broad Ideas with Rachel Bilson + Olivia Allen ပေါ့ဒ်ကတ်စ် အစီအစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။ ယခုကျင်းပတဲ့ မင်္ဂလာပွဲမှာလည်း Tobey Maguire က ဇနီးဟောင်းရဲ့ ပွဲကို ကိုယ်တိုင်ဦးစီးပေးခဲ့တဲ့အတွက် သူတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုပြီးပေါ်လွင်စေခဲ့ပါတယ်။

Ref : Asia One