အယ်လ်ကိုဟော ဖျော်ရည်များကို ဟိုအရော ဒီအရောဖြင့် ဖျော်စပ်ရတာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဘလူးဘယ်ရီသီးနဲ့ ဖော်စပ်ထားတဲ့ Blueberry Mojito ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

Blueberry ကြိုက်နှစ်သက်သူများအတွက်လည်း ဒီ Mojito လေးက တစ်မူထူးခြားတဲ့ အရသာသစ်ကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လတ်ဆတ်သော ဘလူးဘယ်ရီသီးများ ၆ လုံးမှ ၈ လုံးခန့်
  • လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Mint အရွက် ၆ ရွက်မှ ၈ ရွက်ခန့်
  • ရမ် အပျော့စား စားပွဲတင်ဇွန်း ၄ ဇွန်း
  • Club Soda စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်းအထိ
  • အလှဆင်ဖို့ရန်အတွက် Mint အရွယ် အနည်းငယ်
  • အလှဆင်ဖို့ရန်အတွက် သံပုရာကွင်း အနည်းငယ်

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံး အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။

၂။ ဖန်ခွက်ရှည် တစ်ခွက်ထဲတွင် လတ်ဆတ်တဲ့ ဘလူးဘယ်ရီသီးများ ၆ လုံးမှ ၈ လုံးခန့် အထိထည့်ပါ။

လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ထည့်ပါ။ ထို့နောက် စတီး ငရုတ်ကျည်ပွေ့ဖြင့် အသီးများ အရည်အဖြစ် ပြောင်းလဲသွားအောင် ကြိတ်ချေပေးလိုက်ပါ။ (စတီး ငရုတ်ကျည်ပွေ့ မရှိပါကလည်း ခပ်ကြီးကြီး ဇွန်းတစ်ချောင်းဖြင့် ချေမွနိုင်ပါတယ်။

ထို့နောက် Mint အရွက် ၆ ရွက် (သို့) ၈ ရွက်ခန့်ကို သေးသေးလေးဖြစ်သွားအောင် ခြွေထည့်လိုက်ပါ။

၃။ ထို့နောက် ရမ် အပျော့စား ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၄။ ထို့နောက် ဖန်ခွက်ထဲသို့ ရေခဲတုံးများထည့်ပါ။ အပေါ်ကနေ Club Soda လောင်းထည့်လိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ဘလူးဘယ်ရီသီးများ၊ Mint အရွက်များ၊ သံပုရာကွင်းများဖြင့် လှလှပပ အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့ သွားမယ့် ဘလူး ဘယ်ရီသီးဖြင့် ဖော်စပ်ထားတဲ့ Blueberry Mojito တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

အချို့ကတော့ Mint အရွက်ကို မကြိုက်ကြပါဘူး။ ဒါဆိုရင်တော့ ဖျော်စပ်ပြီးတဲ့အခါမှာ Mint အရွက်များကို စစ်ထုတ်လိုက်ပါ။ ထို့နောက် အလှဆင်ဖို့အတွက် Mint အရွက် မထည့်လည်း ရပါတယ်။

Source: Thespruceeats

Featured Image: Inspiredtaste