MRI (Magnetic Resonance Imaging) ဆိုတာဟာ အစွမ်းထက်သံလိုက်စက်ကွင်းနဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး လူ့ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေ၊ အရိုးစုတွေနဲ့ တစ်ရှူးတွေကို အသေးစိတ် ပုံဖော်စစ်ဆေးပေးတဲ့ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီစက်ကြီးဟာ ခန္ဓာကိုယ်အတွင်းပိုင်းကို ခွဲစိတ်စရာမလိုဘဲ ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေကို ထုတ်ပေးနိုင်တာကြောင့် ဆေးပညာလောကမှာ အလွန်အရေးပါတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။

စုံတွဲတွေဟာ အဲဒီလို MRI စကင်နာစက်ထဲမှာ လိင်ဆက်ဆံခဲ့ကြတဲ့ ပုံရိပ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်ပျံ့နှံ့လာခဲ့ပြီး လူအများအပြားရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ အဲဒီလေ့လာမှုတွေကနေ တစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းပိုင်း ဖြစ်စဉ်တွေကို အံ့သြဖွယ်ရာ မြင်တွေ့ခွင့်ရခဲ့ကြပြီး ဆေးဘက်ဆိုင်ရာ မှတ်တိုင်တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်မှာ ဒတ်ခ်ျသိပ္ပံပညာရှင်တစ်ဦးရဲ့ စမ်းသပ်ချက်အရ စုံတွဲတစ်တွဲဟာ MRI စက်ထဲမှာ လိင်ဆက်ဆံခဲ့ကြပြီး အဲဒီ ရလဒ်တွေကို ၁၉၉၉ ခုနှစ်မှာ ဗြိတိသျှဆေးပညာဂျာနယ်မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ လေ့လာမှုကနေ သိပ္ပံပညာရှင်တွေဟာ ခန္ဓာကိုယ်တွင်း အင်္ဂါတွေရဲ့ တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး အရင်က မသိခဲ့ရတဲ့ အချက်အလက်အသစ်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီလို စမ်းသပ်မှုတွေကြောင့် မိန်းမကိုယ်ဟာ တည့်တည့်ကြီးမဟုတ်ဘဲ ကွေးညွတ်နေတယ်ဆိုတာနဲ့ အမျိုးသားရဲ့ အင်္ဂါဟာလည်း ကွေးညွတ်တဲ့ပုံစံ ဖြစ်ပေါ်နေတယ်ဆိုတာကို သိပ္ပံနည်းကျ တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီ သုတေသနစာတမ်းဟာ ကျော်ကြားတဲ့ ဆုတစ်ခုကို ရရှိခဲ့ပြီး ဂျာနယ်ရဲ့ အများဆုံး ဝင်ရောက်ဖတ်ရှုခံရတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

Ref : vt