Sneaker ဆိုတာ ကွီးတို့အတွက် ပေါ့ပါးလွတ်လပ်ပြီး စတိုင် ကျစေတဲ့ ဖိနပ်အမျိုးအစားတစ်ခု လို့ပြောရင် မမှားနိုင်ပါဘူး။ ကျောင်းသွား ရုံးသွား ဟိုနားဒီးနား ထသွားထလာပဲ ဝတ်ဝတ် ၊ အားကစားလုပ်တဲ့ အချိန်မှာပဲ ဝတ်ဝတ် လွတ်လွတ် လပ်လပ်နဲ့ သက်တောင့် သက်သာရှိစေပါတယ်။ ဒီတစ်ခါမှာတော့ ခေတ်မီ ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ပရီမီယံဆန်တဲ့ Sneaker တွေကိုမှ ကြိုက်တဲ့ Sneaker ချစ်သူ ကွီး တို့အတွက် ထိပ်တန်း Luxury Brands ၅ ခု ကို ပြောပြပေး ချင်ပါတယ်။

(၁) Y-3

Photo : The Trend Spotter

ဒီဇိုင်နာ Yohji Yamamoto နဲ့ Adidas တို့ ပူးပေါင်း ဖန်တီးလိုက်တဲ့ အမျိုးသားဝတ် luxury sneakers တစ်ရံ ဖြစ်ပါတယ်။ Y-3 ဟာ street style ရဲ့ အမှတ်အသား တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ လူငယ်ဆန်ပြီး အထာကျတဲ့ Sneaker ချစ်သူ ကွီး တို့ အနေနဲ့ကတော့ low နဲ့ high-top ဆိုပြီး ဒီဇိုင်း ၂ မျိုး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

(၂) Prada

Photo : The Trend Spotter

အထာကျတဲ့ luxury sneaker တစ်ရံရှာနေတဲ့ ကွီး တို့အတွက်တော့ Prada က အသင့်တော်ဆုံးပါပဲ။ Prada က နာမည်ကြီး ဒီဇိုင်နာတွေ ဖြစ်တဲ့ Miuccia Prada နဲ့ Raf Simons တို့ ဦးစီးနေတဲ့ brand တစ်ခုပါ။ နောက်ဆုံးပေါ် ခေတ်မီတဲ့ ဒီဇိုင်းတွေ ၊ မယုံနိုင်လောက်အောင် သက်တောင့်သက်သာရှိမှု နဲ့အတူ လမ်းမတွေပေါ်မှာ စတိုင်အကျဆုံး ရှိုးထုတ်နိုင်မယ့် sneaker တစ်ရံပဲ ဖြစ်ပါတယ်။

(၃) Gucci

Photo : The Trend Spotter

Gucci ဆိုတာကတော့ ဖက်ရှင် လောကမှာ နာမည်တစ်ခု အခိုင်အမာ ရထားတဲ့ နာမည်ကြီး Brand တစ်ခုပဲ ဖြစ်ပါတယ်။ Gucci ဖိနပ်တစ်ရံနဲ့ ဆိုရင် ပေါ့ပါး လွတ်လပ်ပြီး ဖက်ရှင်ကျတဲ့ စတိုင်ကို သေချာပေါက် ရစေမှာ ဖြစ်ပါတယ်။ ရိုးရှင်းပြီး ခမ်းနားထည်ဝါတဲ့ ဒီဇိုင်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချဖို့ အတွက် အော်ဂဲနစ် ပစ္စည်းတွေနဲ့ ချုပ်လုပ်ထားတဲ့ အမိုက်စား sneaker တစ်ရံပဲ ဖြစ်ပါတယ်။

(၄) Christian Louboutin

Photo : The Trend Spotter

Christian Louboutin လို့ ပြောလိုက်ရင် ပြီးပြည့်စုံတဲ့ အလှတရားနဲ့ အနီရောင် အမျိုးသမီးဝတ် ဖိနပ်တွေကို အရင်ဆုံးပြေးမြင် မိကြမယ် ထင်ပါတယ်။ ဒါပေမယ့် Christian Louboutin ရဲ့ အမျိုးသားဝတ် ဖိနပ်တွေကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။ လူငယ်ဆန်ပြီး ထူးခြားတဲ့စတိုင် ၊ ကွဲပြားတဲ့ ဒီဇိုင်းအသွင်အပြင်တွေနဲ့ Sneaker ချစ်သူ ကွီး တို့မှာ အနည်းဆုံး တစ်ရံတော့ ရှိထား သင့်တဲ့ luxury sneaker တစ်ရံပဲ ဖြစ်ပါတယ်။

(၅) Balenciaga

Photo : The Trend Spotter

Luxury sneaker တွေ အကြောင်းပြောမယ်ဆိုရင် နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Balenciaga ကိုလည်း ချန်ထားလို့ မရပါဘူး။ Balenciaga ဖိနပ်တွေ ကတော့ သက်တောင့် သက်သာရှိမှုနဲ့ ခေတ်မီတဲ့ ဒီဇိုင်းတွေကြောင့် နာမည်ကြီး ပါတယ်။ Track.2 လို အနုစိတ်လွန်းလှတဲ့ sneaker တွေ ၊ Triple S လို လူငယ်ဆန်ပြီး အထာကျတဲ့ sneaker တွေဆိုရင်လည်း Sneaker ချစ်သူ တွေကြားမှာ ရေပန်းစားတဲ့ ဖိနပ်တွေပဲ ဖြစ်ပါတယ်။

Sneaker ချစ်သူ ကွီး တို့ ကရော ဘယ် ထိပ်တန်း Luxury Brands တွေထဲက Sneaker တွေကို အကြိုက်ဆုံးဖြစ်မလဲ မျှဝေခဲ့ပါအုန်း။

Featured Photo : Cool Hunting