ကမ္ဘာ့နာမည်အကြီးဆုံး ဒီဇိုင်နာဘရန်းတွေကတော့ အများအပြားရှိပါတယ်။ ထိုထဲကမှ ဖက်ရှင်ချစ်သူများအတွက် နာမည်အကြီးဆုံးလို့ သတ်မှတ်ခြင်းခံထားရတဲ့ ဘရန်း (၉) မျိုးကို ဝေမျှပေးချင်ပါတယ်။

Louis Vuitton

Photo Source: Louis Vuitton

Louis Vuitton သည် အသက် ၁၆ နှစ်ကတည်းက နာမည်ကျော်ကြားတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်လာခဲ့တာပါ။ သူတီထွင်ခဲ့တဲ့ ဒီဇိုင်းများသည်လည်း နာမည်ကြီးပြီး အထူးသဖြင့် လက်ဆွဲအိတ်များ၊ ခရီးဆောင်အိတ်များသည် ရောင်းအားအသွက်ဆုံးပဲဖြစ်ပါတယ်။

Gucci

Photo Source: Scmp.com

ဒီတံဆိပ်ကိုတော့ ၁၉၂၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လူငယ်များအကြား ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပါတယ်။

Balenciaga

Photo Source: Vitruvianmagazine.com

Balenciaga သည် ယခုဆိုလျှင် သက်တမ်း တစ်ရာကျော်နေပြီဖြစ်ပါတယ်။ စပိန်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Cristobal Balenciaga သည် ၁၉၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာပါ။ ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ ပြင်သစ်ကုမ္ပဏီ Kering ရဲ့ စီမံခန့်ခွဲမှုအောက်မှာ တည်ရှိနေပါတယ်။

Dior Homme

Photo Source: Models.com

Christian Dior ဆိုသူသည် ၁၉၄၈ ခုနှစ်တွင် Dior Homme ဆိုတဲ့ နာမည်ကြီးတံဆိပ်ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းရဲ့ ရှေ့ပြေးဒီဇိုင်နာဘရန်းတစ်ခုလို့တောင် သတ်မှတ်နိုင်ပါတယ်။

Yves Saint Laurent

Photo Source: dapperconfidential.com

Yves Saint Laurent နဲ့ သူ့ရဲ့တွဲဖက် Pierre Berge တို့သည် ဒီဘရန်းကို ၁၉၆၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Luxury ဆန်တဲ့ဒီဇိုင်းများကြောင့် လူကုံထံများအကြား အတော်လေး ရေပန်းစားပါတယ်။

Prada

Photo Source: Vitruvianmagazine.com

Prada ကတော့ အမြဲတမ်း သူမတူတဲ့ဒီဇိုင်းများကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အီတလီဖက်ရှင်ဒီဇိုင်းတစ်ခုဖြစ်ပြီး ၁၉၁၃ ခုနှစ်တွင် Mario Prada ဆိုသူက စတင်တည်ထောင်ခဲ့တာပါ။ Prada သည် ရယ်ဒီမိတ်အဝတ်အစားများ၊ ခရီးဆောင်အိတ်များ၊ ရေမွှေးများအပြင် အခြားသော ဖက်ရှင်အသုံးအဆောင်များလည်း ထုတ်လုပ်လျက်ရှိပါတယ်။

Burberry

Photo Source: Happyshoping.ml

Thomas Burberry သည် ချမ်းအေးလှတဲ့ ဗြိတိန်နိုင်ငံရဲ့ရာသီဥတုကို အန်တုဖို့ရန်အတွက် ဒီဇိုင်းထုတ်ကာ ရွေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ၁၈၅၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ရေစိုခံအဝတ်အထည်များကိုလည်း ထပ်တိုးထုတ်လုပ်ခဲ့ပါသေးတယ်။

Calvin Klein

Photo Source: Vioralondon.com

Calvin Klein ကိုတော့ အမေရိကန်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သူ Calvin Richard Klein ဆိုသူက ၁၉၆၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Ralph Lauren

Photo Source: Thefashionisto.com

Ralph Lauren ကတော့ ဒီဇိုင်းနဲ့ မားကတ်တင်းပိုင်းမှာဆိုရင် အမြဲတမ်း ဗိုလ်စွဲပါတယ်။ သူ့ကိုတော့ ၁၉၆၇ ခုနှစ်တွင် Ralph ဆိုတဲ့ နာမည်ကြီးဒီဇိုင်နာက စတင်တီထွင်ခဲ့တာပါ။ သူသည် အမျိုးသားဝတ်၊ အမျိုးသမီးယတ်အဝတ်အထည်များအပြင် ကလေးဝတ်အဝတ်အထည်များ ရေမွှေးများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကိုလည်း ထုတ်လုပ်လျက်ရှိပါတယ်။

ထိုဒီဇိုင်နာဘရန်း (၉) မျိုးထဲကမှ နံပါတ် (၁) နာမည်အကြီးဆုံးနဲ့ ဈေးအကြီးဆုံးကတော့ Louis Vuitton ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ဒေါ်လာ ၃၂.၂၂၃ ဘီလီယံရှိပါတယ်။

Source: Thetrendspotter.net

Featured Image Source: Netluxury.com