ဗော့ဒ်ကာကို ကြိုက်နှစ်သက်တဲ့သူ တော်တော်များများကတော့ ဗော့ဒ်ကာနဲ့ ဖျော်စပ်ထားတဲ့ ကော့လ်တေး များကိုလည်း ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။ Vodka Mojito ကော့လ်တေးက ဗော့ဒ်ကာ ကြိုက်သူများအတွက် အထူးသင့်လျော်ပြီး လုံးဝကို မြည်းစမ်းကြည့်သင့်တဲ့ ဂန္တဝင် Mojito ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အရသာက ချိုမြိန်တဲ့အပြင် ချဉ်ပြီးပေါ့ပါးတဲ့ လန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့ ကော့လ်တေးပဲ ဖြစ်ပါတယ်။ မြည်းစမ်းကြည့်ချင်တဲ့ ကွီးတို့အတွက် Vodka Mojito ကော့လ်တေး ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ကွီးတို့ကို လန်းဆန်းမှု ပေးစွမ်းမဲ့ Vodka Mojito ကော့လ်တေးကို ဖျော်စပ်ဖို့အတွက် လိုအပ်တာတွေကတော့

Photo : The Spruce Eats

  • ဗော့ဒ်ကာ ၂ အောင်စ (ကွီးတို့ ကြိုက်နှစ်သက်ရာ အမှတ်တံဆိပ်ကို သုံးနိုင်ပါတယ်)
  • Club Soda ၂ အောင်စမှ ၃ အောင်စ
  • Simple Syrup ၀.၅ အောင်စ
  • လတ်ဆတ်သော ညှစ်ထားသော သံပုရာရည် ၀.၇၅ အောင်စ
  • ပူစီနံ အရွက်များ
  • ရေခဲများ နဲ့
  • အလှဆင်ဖို့အတွက် အဆင်သင့် လှီးထားသော သံပုရာသီးစိပ်နဲ့ ပူစီနံရွက်များ စသည်တို့ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့

(၁) ပထမဆုံးအနေနဲ့ ပါဝင်ပစ္စည်းများကို တစ်နေရာတည်းမှာ စုလိုက်ပါ။

Photo : The Spruce Eats

(၂) ထို့နောက် ဖန်ခွက်ထဲသို့ ပူစီနံရွက် အနည်းငယ်၊ သံပုရာရည်နဲ့ Simple Simple Syrup တို့ကို ထည့်ပါ။ ပူစီနံရွက်ရဲ့ အနှစ်သာရ မပျောက်အောင် ညင်သာစွာ မွှေပါ။

Photo : The Spruce Eats

(၃) ဗော့ဒ်ကာကို ထည့်ပြီး ဖန်ခွက်တစ်ဝက်ကို ကြေမွသောရေခဲဖြင့် ဖြည့်ပါ။ ပြီးလျှင် ပါဝင်ပစ္စည်းများကို သမစေရန် ဘားဇွန်းကို အသုံးပြုပြီး ရောမွှေပါ။

Photo : The Spruce Eats

(၄) ပြီးနောက် ရေခဲများကို ဖန်ခွက်အပြည့်ဖြည့်ပြီး အပေါ်မှ Club soda လောင်းထည့်လိုက်ပါ။ နောက်ဆုံးအနေဖြင့် အသင့်ပြင်ဆင်ထားသော သံပုရာသီးစိပ်နဲ့ ပူစီနံရွက်တို့နဲ့ အလှဆင်လိုက်ပါ။

Photo : The Tipsy Nomad

(၅) ကွီးတို့အနေနဲ့ ပူစီနံရွက်ကို အနည်း၊ အများ ကြိုက်သလောက် ပမာဏ ထည့်လို့ရပါတယ်။ ဒါဆိုရင်တော့ ကွီးတို့အတွက် လန်းဆန်း ကြည်လင်မှုကို ပေးစွမ်းမဲ့ Vodka Mojito ကော့လ်တေး တစ်ခွက် ရပါပြီ။ ဖျော်စပ်ရတာလည်း လွယ်ကူပါတယ်။ ကွီးတို့ ဘော်ဒါတွေနဲ့ ဖြစ်စေ၊ မိသားစုတဲ့ ဖြစ်စေ ပေါ့ပေါ့ပါးပါး ဖျော်စပ် သောက်သုံးလို့ရတဲ့ ကော့လ်တေး တစ်ခွက် ပါပဲ။

Source : The Spruce Eats

Featured Photo : 1001 Cocktails