စူပါဟီးရိုးဇာတ်ကားတွေကို ကြည့်ရှုပြီး စူပါဟီးရိုးဇာတ်ကောင်တွေရဲ့ ခန္ဓာကိုယ် ကြွက်သားများ တောင့်တင်းသန်မာတာကို သဘောကျကြပါလိမ့်မယ်။ Avengers စူပါဟီးရိုးတွေ အတိုင်း ကြွက်သားတောင့်တင်းချင်တယ်ဆိုရင် သူတို့ ပြုလုပ်တဲ့ လေ့ကျင့်ခန်း များကို ပြုလုပ်ရမှာဖြစ်ပါတယ်။

ကွီးတို့ရဲ့ ကြွက်သားတွေကို တောင့်တင်းသန်မာလာအောင် ကူညီပေးမယ့် Avengers တွေရဲ့ Body Building လေ့ကျင့်ခန်းများကို ဝေမျှပေးလိုက်ရပါတယ်။

Avengers လေ့ကျင့်ခန်း

အရင်ဦးဆုံး Chris Hemsworth ရဲ့ Workout များကို ဝေမျှပေးချင်ပါတယ်။ သူသည် Workout ပြုလုပ်ဖို့ရန်အတွက် သူ့ရဲ့ Personal Trainer လည်းဖြစ်ပြီး သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တဲ့ Luke Zocchi ဖြင့် လေ့ကျင့်တာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

Avengers လေ့ကျင့်ခန်း

Source: Pinterest

ဒီလေ့ကျင့်ခန်းလေးကိုတော့ Bear Crawl Squat လို့ အမည်ပေးထားပါတယ်။ သူကတော့ ခန္ဓာကိုယ်ကို အရင်ဦးဆုံး လေးဘက်ထောက်ထားပြီးနောက် တင်ပါးကို အပေါ်ကြွလိုက် မူလအနေအထားအတိုင်း ပြန်ချလိုက်ဖြင့် တစ်လှည့်စီပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

Avengers လေ့ကျင့်ခန်း

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ဝက်ဝံတစ်ကောင် တွားသွားနေတဲ့ ပုံစံမျိုး ပြုလုပ်ရမှာဖြစ်ပါတယ်။ အရှိန်မြန်မြန် ရွေ့လျားပေးဖို့ လိုအပ်ပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများအပြင် Kickboxing လေ့ကျင့်ခန်းများ၊ Planks ထောက်ခြင်း၊ Kettlebell ၊ Dumbbell စတဲ့ အလေးတုံးများ၊ အလေးတန်းများ အသုံးပြုကာ Body Building လေ့ကျင့်ခန်းများကို အချိန်ပေးကာ ပြုလုပ်လေ့ရှိပါတယ်။

နောက်ထပ် စူပါဟီးရိုးတစ်ယောက်ကတော့ Iron Man ပဲဖြစ်ပါတယ်။ သူ့ရဲ့ ထရိန်နာကတော့ Brad Bose ဖြစ်ပြီး Robert Downey Jr. ကိုယ်တိုင်ကလည်း Wing Chun Training ကို ၂၀၀၃ ခုနှစ်ကတည်းက လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

Avengers လေ့ကျင့်ခန်း

သူသည် လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ခန္ဓာကိုယ် အောက်ပိုင်းအတွက်ကို လေ့ကျင့်ခန်း (၈) မျိုးနှင့် ခန္ဓာကိုယ် အပေါ်ပိုင်းအတွက်ကို လေ့ကျင့်ခန်း (၁၂) မျိုးစီ ပြုလုပ်လေ့ရှိပါတယ်။ ထိုအထဲကမှ ကွီးတို့အတွက် သင့်တော်မယ့် လေ့ကျင့်ခန်းများကို ရွေးချယ်ပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၃)

Avengers လေ့ကျင့်ခန်း

Source: Greatist

ဒီလေ့ကျင့်ခန်းလေးကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဆော့ကစားနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ Kettlebell အသုံးပြုကာ အလေးတုံးကို အရှေ့လွှဲလိုက် အနောက်လွှဲလိုက် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

superheroes workout

Source: Gfycat

ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဆော့ကစားရမယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အလေးတုံးကို ခြေထောက်နှစ်ခုကြား ညှပ်ထားကာ ခြေသလုံးကြွက်သား အသုံးပြုပြီး ဒူးကွေးရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ Iron Man ရဲ့ Workout အတိုင်းပြုလုပ်ချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ် အပေါ်ပိုင်းအတွက် တစ်ရက်အချိန်ပေးပြီး ခန္ဓာကိုယ်အောက်ပိုင်းအတါက် တစ်ရက်သပ်သပ်အချိန်ပေးရမှာဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ Ant-Man ကာရိုက်တာယူထားတဲ့ Paul Rudd ရဲ့ Workout Plan ပဲဖြစ်ပါတယ်။

သူကတော့ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သား၊ ဝမ်းဗိုက်ကြွက်သားများအတွက် တစ်ရက်ဆော့ကစားပြီး ပေါင်နှင့် ခြေသလုံးကြွက်သားများအတွက် နောက်ထပ်တစ်ရက် အချိန်ပေးကာ ဆော့ကစားလေ့ရှိပါတယ်။

လေ့ကျင့်ခန်း (၅)

superheroes workout

Source: Menshealth

ဒီလေ့ကျင့်ခန်းလေးကတော့ ဘားတန်းပေါ်မှာ တွဲလောင်းခိုကာ လေ့ကျင့်ခန်းပြုလုပ်ရတာဖြစ်ပါတယ်။ ၂၅ ကြိမ်၊ ၅ ကျော့ ပြုလုပ်ပေးရမှာပါ။

လေ့ကျင့်ခန်း (၆)

superheroes workout

Source: Gymandfitness

ဒီလေ့ကျင့်ခန်းလေးကတော့ လက်မောင်းကြွက်သားများကို အသားပေးကာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အလေးပြားများကတော့ မိမိနိုင်သလောက် အလေးပြားအသုံးပြုရမှာဖြစ်ပါတယ်။ စုစုပေါင်း အကြိမ်ရေကတော့ ၂၅ ကြိမ်၊ ၅ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

superheroes workout

Avengers အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Ant-Man သည် လေ့ကျင့်ခန်း များ ပြုလုပ်ခြင်းအပြင် အစားအစာများကိုလည်း မျှတစွာ စားသုံးခြင်းဖြင့် ကြွက်သားများကို တည်ဆောက်လေ့ရှိပါသေးတယ်။ သူသည် မနက်စာအဖြစ် ကြက်ဥ ၃ လုံး၊ အုတ်ဂျုံနှင့် ကော်ဖီတစ်ခွက် သောက်သုံးလေ့ရှိပြီး မနက်စာနှင့် နေ့လည်စာကြားတွင် အဆာပြေအဖြစ် ပရိုတင်းရှိတ်ဖျော်ရည်နှင့် အယ်လ်မွန်သီးများကို လက်တစ်ဆုပ်စာခန့် စားသုံးလေ့ရှိပါတယ်။ နေ့လည်စာအဖြစ် ပရိုတင်းဓာတ် ကြွယ်ဝသော အသား၊ ကန်စွန်းဥ အနည်းငယ် (သို့) ထမင်း တို့ကို စားသုံးလေ့ရှိပါတယ်။ ညနေစာ အဆာပြေကိုတော့ ပရိုတင်းရှိတ်ဖျော်ရည်နှင့် သစ်ကြားသီးများကို လက်တစ်ဆုပ်စာဖန့် စားသုံးလေ့ရှိပါတယ်။ ညစာကိုတော့ ပရိုတင်းဓာတ် ကြွယ်ဝသော အသား ၈ အောင်စခန့်နှင့် ဟင်းသီးဟင်းရွက်များများ စားသုံးလေ့ရှိပါတယ်။

Chris Evans ၊ Chris Pratt ၊ Sebastian Stan ၊ Chadwick Boseman အစရှိတဲ့ မင်းသားများသည်လည်း ကိုယ်ပိုင် ထရိန်နာများရဲ့ လေ့ကျင့်ပေးတဲ့ နည်းလမ်းအတိုင်း သူတို့ရဲ့ ခန္ဓာကိုယ် ကြွက်သားများကို ကျစ်လျစ်သန်မာလာအောင် ဆော့ကစားကြပါတယ်။

Source: Mensjournal

Featured Image: Gymjunkies