Toned Back မာဆယ် တွေ ရဖို့ စက်တွေ ၊ ဝိတ်တုံးတွေနဲ့မှ မဟုတ်ပါဘူး။ ကွီးတို့ Resistance Band နဲ့တင် ကစားလို့ ရပါတယ်။ Resistance Band ဟာ အချိန်ပေးပြီး Gym မသွားနိုင်တဲ့သူတွေ ဒါမှမဟုတ် အချိန်နေရာမရွေး Workout လုပ်ချင်တဲ့ ကွီးတို့အတွက် အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်း ကိရိယာတစ်ခုပါ။ ဒီဆောင်းပါးမှာတော့ ကွီးတို့ရဲ့ နောက်ကျောကြွက်သားတွေ လုံးဝ ကျစ်လစ်ဖုထစ်လာစေမယ့် အကောင်းဆုံး Resistance Band Back Workouts တွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
(၁) Lat Pulldown
Source : OPEX Fitness
စက်တွေနဲ့ ကစားတဲ့ Lat Pulldown လေ့ကျင့်ခန်း နည်းတူ Resistance Band နဲ့ ကွီးတို့ ကစားလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းက ပခုံးနောက်ကျောအောက်ဘက် Lat မာဆယ် တွေကို ကျစ်လစ်သန်မာစေပြီး ပခုံးကျယ်ကျယ် ယောကျာ်းပီသတဲ့ ဆွဲဆောင်မှုအရှိဆုံး ဘော်ဒီကို ရစေမှာ ဖြစ်ပါတယ်။
(၂) Single-Arm Row
Source : OPEX Fitness
Back မာဆယ်တွေကို ပိုပြီး ကျယ်ကားလာစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုကတော့ Single-Arm Row ပါပဲ။ Single-Arm Row လေ့ကျင့်ခန်းက နောက်ကျော ကြွက်သားတွေနဲ့ ပခုံးကြွက်သားတွေကို အဓိက ပစ်မှတ်ထားပါတယ်။ Dumbbell နဲ့ ကစားကြသလို စက်တွေနဲ့ ကစားကြပါတယ်။ အခုဗီဒီယိုမှာတော့ Resistance Band နဲ့ ကစားတဲ့နည်းကို မျှဝေပေးလိုက်ပါတယ်။
(၃) Seated Band Row
Source : OPEX Fitness
Seated Band Row လေ့ကျင့်ခန်းက စက်နဲ့ Rowing ဆွဲသလို အကျိုးသက်ရောက်မှုက အတူတူပါပဲ။ ဒီလေ့ကျင့်ခန်းက Rhomboids နဲ့ Lat မာဆယ် တွေကို အထိရောက်ဆုံး တည်ဆောက်ပေးပါတယ်။ Seated Band Row ကစားတဲ့အခါ အရှိန်ကို အရမ်းကြီး မြန်မြန်ဆန်ဆန် သွားတာထက် ခပ်ဖြည်းဖြည်းနဲ့ ခပ်မှန်မှန်လေးပဲ ထိန်းကစားဖို့ အကြံပြုချင်ပါတယ်။
(၄) Band Pull-Throughs
Source : OPEX Fitness
Band Pull-Throughs ကတော့ နောက်ကျောအောက်ပိုင်း ကြွက်သားတွေနဲ့ တင်ပါးဆုံ ၊ ပေါင်အနောက်ဘက် ကြွက်သားတွေကိုပါ တပြိုင်နက်တည်း အလုပ်လုပ်စေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Back မာဆယ် တွေနဲ့အတူ အောက်ပိုင်းကြွက်သားတွေကိုပါ လေ့ကျင့်ကစားချင်တယ်ဆိုရင်တော့ Band Pull-Throughs လေ့ကျင့်ခန်းက အကောင်းဆုံးပါပဲ။
Source : Eat This Not That
Featured Photo : Holiday Golf