ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ကောင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။ ဒါပေမဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့ နည်းစနစ်မှန်ကန်ဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် အချိန်ကုန် လူပင်ပန်းတာပဲအဖတ်တင်ပြီး လေ့ကျင့်ခန်း ပြုလုပ်တာ အလဟဿဖြစ်သွားပါလိမ့်မယ်။

ကိုယ့်ရဲ့အချိန်တွေ အားစိုက်ထုတ်ခြင်းတွေ အလဟဿ မဖြစ်ဖို့ရန်အတွက် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အခုဖော်ပြပေးမယ့် အလွဲလေးတွေကို ရှောင်ကြဉ်ပေးဖို့ လိုပါလိမ့်မယ်။

Workout Plan မရှိခြင်း

bad workout habits for men

သင့်အနေနဲ့ လေ့ကျင့်ခန်းတွေကို ကြုံရာကျပန်းနဲ့ အစီအစဉ်မကျ မပြုလုပ်သင့်ပါဘူး။ လက်မောင်းကြွက်သားများအတွက် လေ့ကျင့်ခန်းသပ်သပ်၊ ဝမ်းဗိုက်ကြွက်သားများအတွက် လေ့ကျင့်ခန်းသပ်သပ်၊ ခြေသလုံးကြွက်သား၊ ပေါင်ကြွက်သား စသည်ဖြင့် သူ့နေ့အလိုက် ဆော့ကစားပေးသင့်ပါတယ်။

ဒါမှမဟုတ် ခြေသလုံးကြွက်သားနှင့် ပေါင်ကြွက်သားအတွက် လေ့ကျင့်ခန်းတွေကို တစ်ရက်သပ်သပ် ပေါင်းဆော့ပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးကို အနားမပေးဘဲ ဆော့ကစားလိုက်တဲ့အခါ သင့်ကြွက်သားများ ဒဏ်ဖြစ်သွားပါလိမ့်မယ်။

သက်သောင့်သက်သာမရှိသော အားကစားဖိနပ် ဝတ်ဆင်ခြင်း

bad workout habits for men

သင့်အနေနဲ့ Zumba ကရတဲ့ အားကစားမျိုး ပြုလုပ်တဲ့အခါ သာမန်အပြေးဖိနပ်ထက်စာရင် လှုပ်ရှားရလွယ်ကူပြီး သက်သောင့်သက်သာဖြစ်စေမယ့် ဖိနပ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ ကြပ်ထုပ်လွန်းသောဖိနပ်၊ ချောင်ချိလွန်းသောဖိနပ်တွေကလည်း အားကစားပြုလုပ်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ကိုယ့်ခြေထောက်ဆိုဒ်နဲ့ သေချာတိုင်းပြီးမှ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

အာရုံပျံ့လွှင့်လွန်းခြင်း

bad workout habits for men

လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ဖုန်းပြောနေတာမျိုး၊ မက်ဆေ့ပို့နေတာမျိုးတွေက သင့်ရဲ့အာရုံကို ပျံ့လွှင့်စေပါတယ်။ ထိုကဲ့သို့ အာရုံပျံ့လွှင့်ခြင်းကလည်း သင့်ရဲ့စိတ်အားထက်သန်မှုကို လျော့ကျသွားစေပြီး လေ့ကျင့်ခန်းပြုလုပ်ရတာ တဖြည်းဖြည်းနဲ့ စိတ်ကုန်လာပါလိမ့်မယ်။

တစ်နေရာတည်းမှာသာ အချိန်ကုန်နေခြင်း

bad workout habits for men

ပြေးစက်ပေါ်မှာပဲ ပြေးနေတာမျိုး၊ စက်ဘီးနင်းစက်ပေါ်မှာပဲ တစ်နေရာတည်းမှာပဲ အချိန်ကုန်မခံပါနဲ့။ လူအများနဲ့ Challenge ပွဲမျိုး ဆော့ကစားတဲ့အခါမှာလည်း တစ်ရက်နဲ့တစ်ရက် မတူတဲ့နေရာမှာ ဆော့ကစားပါ။ သင့်ရဲ့ထရိန်နာကို မတူညီတဲ့ ရှုထောင့်ကနေ မြင်တွေ့ရတဲ့အခါ မြင်ကွင်းတစ်ခုတည်းကြောင့် ငြီးငွေ့ရတာမျိုး ခံစားရမှာမဟုတ်တော့ပါဘူး။

အသက်အောင့်ထားခြင်း

bad workout habits for men

အလေးတုံးတွေ မရတဲ့အခါ အချို့ယောကျာ်းများက အသက်ရှူဖို့ မေ့တတ်ကြပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးမှသာ အသက်ကို အလုအယက်ရှူမိကြပါတယ်။ ဒီလိုအမှားမျိုးကို (လုံးဝ) ရှောင်ကြဉ်သင့်ပါတယ်။ အလေးမနေစဉ်နှင့် အခြားသောလေ့ကျင့်ခန်းများ ပြုလုပ်နေစဉ်မှာ အသက်ရှူသွင်း၊ ရှူထုတ် မှန်မှန်ပြုလုပ်ပေးရပါမယ်။ ဒါမှ သွေးလှည့်ပတ်မှုကောင်းမွန်ပြီး သင့်ရဲ့ကြွက်သားများလည်း ပိုမိုသန်မာလာပါလိမ့်မယ်။

Source: Livestrong.com