ဘလွန်ဒေါဆုပေးပွဲကို ၂၀၂၀ ခုနှစ်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရပြီး ယခုနှစ်မှာတော့ ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုအတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဟာ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်နေကြပြီဖြစ်ပါတယ်။

Ballon D'or

Photo: Givemesport

၂၀၂၁ ခုနှစ် ဘလွန်ဒေါဆုအတွက် ဆန်ခါတင်စာရင်းဟာ ကြေညာခဲ့ပြီဖြစ်ပြီး ယခုနှစ်အတွက် ဆုရရှိမယ့်သူစာရင်းမှာ ကစားသမား ၂၉ ဦးက ၂၀၁၉ ဘလွန်ဒေါဆုရှင် လီယွန်နယ် မက်ဆီနဲ့အတူ ပါဝင်နေကြတာဖြစ်ပါတယ်။ ယခုနှစ် ဘလွန်ဒေါဆုရှင်ကို လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ ပဲရစ်မြို့မှာ ကြေညာသွားတော့မှာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲအတွက် အင်အားအကြီးဆုံးကစားသမားက ဘယ်သူဖြစ်မလဲ။

Kevin De Bruyne

Photo: Goal.com

၁၀။ ကီဗင် ဒီဘရိုင်းနား(မန်ချက်စတာစီးတီး)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၁၃ ဂိုး၊ ဂိုးဖန်တီးမှု ၁၅ ကြိမ်၊ ပရီးမီးယားလိဂ်ဖလားနဲ့ ကာရာဘောင်ဖလား။

ဒီဘရိုင်းနားဟာ ယခုရာသီ အစောပိုင်းလတွေအတွင်း ခြေစွမ်းပြသဖို့ ကြိုးပမ်းနေရဆဲလို့ ခံစားရပုံပေါ်ခဲ့ပေမယ့် အဲဒါက ၎င်းကို ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း မန်စီးတီးနဲ့ ဘယ်လ်ဂျီယမ်အတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်တာကို မရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။

Cristiano Ronaldo

Photo: Goal.com

၉။ ခရစ္စတီယာနို ရော်နယ်လ်ဒို(မန်ချက်စတာယူနိုက်တက်)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၄၂ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ်၊ ကိုပါအီတာလီယာနဲ့ စူပါကိုပါ အီတာလီယာနာဖလား။

ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့မှုက ပွဲစဉ်တစ်ပွဲပြီးတစ်ပွဲ ပြီးဆုံးလာချိန်မှာ ပိုပိုပြီး အငြင်းပွားဖွယ်ဖြစ်လာပုံရပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုဟာ နောက်ထပ်ကောင်းမွန်တဲ့နှစ်တစ်နှစ် ပိုင်ဆိုင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ဒီတစ်ကြိမ်က ရော်နယ်လ်ဒိုကို ဘလွန်ဒေါဆုအတွက် စိန်ခေါ်သူတွေထဲမှာ မြင်ရတာ နောက်ဆုံးတစ်ခေါက်ဖြစ်များ ဖြစ်လာတော့မှာလား။

Erling Haaland

Photo: Goal.com

၈။ အာလင်း ဟာလန်း(ဒေါ့မွန်)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၄၃ ဂိုး၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်၊ ပိုကယ်ဖလား။

ဟာလန်းဟာ အနည်းဆုံး တစ်လလောက် အနားယူရမယ့် ဒဏ်ရာရရှိထားပြီး တင်ပါးဒဏ်ရာကြောင့် အနည်းဆုံး ဒီနှစ်ကုန်ထိ အနားယူရနိုင်ခြေရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းအနေနဲ့ ဒီနှစ်ကို ပြန်လှည့်ကြည့်လိုက်ရင်တော့ ကြီးမားတဲ့ဂုဏ်ယူစရာ ကိန်းဂဏန်းတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Romelu Lukaku

Photo: Goal.com

၇။ လူကာကူ(ချဲလ်ဆီး)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၃၀ ဂိုး၊ ဂိုးဖန်တီးမှု ၈ ကြိမ်၊ စီးရီးအေဖလား။

လူကာကူရဲ့ ချဲလ်ဆီးအသင်းက စိတ်ပျက်ဖွယ် ကစားသမားဘဝအစကို မယ်လ်မိုအသင်းနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာက နောက်ထပ် နူရာဝဲစွဲ လဲရာ သူခိုးထောင်းဆိုသလို အားဖြည့်ပေးခဲ့ပါတယ်။ လူကာကူရဲ့ ထူးခြားဆန်းကြယ်တဲ့ ၂၀၂၁ ခုနှစ်ဟာ လက်ရှိမှာတော့ တဖြည်းဖြည်း အားဖျော့လာနေပြီဖြစ်ပါတယ်။

Kylian Mbappe

Photo: Goal.com

၆။ အမ်ဘာပေ(ပီအက်စ်ဂျီ)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၃၇ ဂိုး၊ ဂိုးဖန်တီးမှု ၁၇ ကြိမ်၊ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်၊ ပြင်သစ်ရှုံးထွက်ဖလားနဲ့ ပြင်သစ်အက်ဖ်အေဖလား။

နေမာနဲ့မတူတာက အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ မက်ဆီနဲ့အတူ ခြေစွမ်းတိုးတက်နေပုံ ပေါ်ပြီး တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ ရာသီအစောပိုင်းပုံစံက ၎င်းရဲ့အကောင်းဆုံးရာသီဖြစ်လာဖို့ အရှိန်မြှင့်ပေးနေတာဖြစ်ပါတယ်။

Karim Benzema

Photo: Goal.com

၅။ ကာရင် ဘန်ဇီးမား(ရီးရဲလ်မက်ဒရစ်)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၃၇ ဂိုး၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်၊ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလား။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘန်ဇီးမားက ၎င်းဟာ အဆုံးအဖြတ်ပေးနိုင်တဲ့သူဆိုတာ သက်သေမပြသနိုင်ခဲ့ပေမယ့်လည်း ရင်ဆိုင်ကစားရတဲ့ တိုက်စစ်တိုင်းကို တော်တော်လေး ခြိမ်းခြောက်မှု ဆက်လက်ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။

N'golo Kante

Photo: Goal.com

၄။ အန်ဂိုလို ကွန်တေ(ချဲလ်ဆီး)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၁ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား။

ကွန်တေဟာ ကြံ့ခိုင်မှုပြဿနာကြောင့် ၂၀၂၁-၂၀၂၂ ရာသီဟာ မရေရာသေးတဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်ပေမယ့် အနှေးနဲ့အမြန် ချဲလ်ဆီးအတွက် ပွဲအဖြေသတ်မှတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်မယ်လို့ မျှော်မှန်းရပါတယ်။

Jorginho

Photo: Goal.com

၃။ ဂျော်ဂျင်ညို(ချဲလ်ဆီး)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၈ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်၊ ယူရို ၂၀၂၀ ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား။

ဂျော်ဂျင်ညိုက ဘလွန်ဒေါပြိုင်ပွဲထဲမှာ ပါဝင်လာတဲ့အချိန်မှာ အငြင်းပွားဖွယ်ကစားသမားအဖြစ် ရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ အီတလီလက်ရွေးစင်ကြယ်ပွင့်ကို နိုဝင်ဘာလကုန် ဆုပေးစင်မြင့်ထက်မှာ မြင်တွေ့ရဖို့က မြေကြီးလက်ခတ်မလွဲဖြစ်နေပုံ ရပါတယ်။

Robert Lewandowski

Photo: Goal.com

၂။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ဘိုင်ယန်မြူးနစ်)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၅၉ ဂိုး၊ ဂိုးဖန်တီးမှု ၉ ကြိမ်၊ ဘွန်ဒက်စ်လီဂါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ DFL စူပါဖလား။

လီဗန်ဒေါ့ဗ်စကီးရဲ့ ၂၀၂၁ ခုနှစ်အတွက် ဂိုးပမာဏဟာ ဆက်လက် မြင့်တက်လာမှာဖြစ်ပြီး ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ အတည်ငြိမ်ဆုံး မြင့်မားတဲ့စွမ်းဆောင်ရှင်ဖြစ်ခဲ့တယ်ဆိုတာကို အငြင်းပွားစရာမရှိတာ ကျိန်းသေပါတယ်။

Lionel Messi

Photo: Goal.com

၁။ လီယွန်နယ် မက်ဆီ(ပီအက်စ်ဂျီ)

၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်- သွင်းဂိုး ၄၀ ဂိုး၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်၊ ကိုပါအမေရိကဖလား၊ ကိုပါဒယ်ရေးဖလား။

လီယွန်နယ် မက်ဆီဟာ လီဂူးဝမ်းသွင်းဂိုး ရရှိဖို့ စောင့်ဆိုင်းနေချိန်အတွင်း ချန်ပီယံလိဂ်မှာ ၂ ကြိမ်အထိ သက်သေပြသထားနိုင်ခဲ့ပြီဖြစ်ပြီး ဘာကြောင့် ၎င်းကို ပီအက်စ်ဂျီက ဝယ်ယူခဲ့ရလဲဆိုတာကို နောက်ဆုံးမှာတော့ ပြသနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားကြယ်ပွင့်ဟာ ပြင်သစ်လီဂူးဝမ်းမှာ ကျစ်လစ်တဲ့ကစားသမားဘဝအစကို ပြုလုပ်နိုင်ခဲ့လားဆိုတဲ့ အငြင်းပွားမှုကတော့ ရှိနေဦးမှာဖြစ်ပါတယ်။

Featured Photo: