ဒီနေ့တော့ ဘောလုံး ဝါသနာရှင် ကွီးတို့အတွက် ဘောလုံး အားကစားနဲ့ ပတ်သက်တဲ့ ဗဟုသုတ အကြောင်းအရာတစ်ခုကို တင်ဆက်ပေးသွားချင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘောလုံးသမား တစ်ဦးက သူ့နိုင်ငံရဲ့ သမ္မတစ်ဦး ဖြစ်လာတဲ့ အကြောင်းကို ဖော်ပြပေးသွားချင်တာပါ။ ဒီကစားသမားကတော့ ဂျော့ရှ် ဝီယာပါ။

Weah

Photo Credit : talkSPORT

လိုက်ဘေးရီးယား တိုက်စစ် ကစားသမားဟောင်းကြီး ဂျော့ရှ် ဝီယာက ပရော်ဖက်ရှင်နယ် ကစားသမားဘဝအတွင်း အေစီမီလန် ပီအက်စ်ဂျီ မန်စီးတီး ချယ်လ်ဆီး မာဆေးလ် မိုနာကိုတို့လို အသင်းတွေမှာ ဒီအသင်းတွေအတွက် စုစုပေါင်း (၄၇၈)ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း (၁၉၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဝီယာက သူရဲ့ ကစားသမားဘဝအတွင်းမှာ အသင်းလိုက် ဆုဖလားတွေထက် တစ်ဦးချင်း ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ၁၉၉၅ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကိုလည်း ဂျာမန် ကစားသမားကြီး ကလင်းစမန်းကို ကျော်လွန်ကာ ဆွတ်ခူးခဲ့ပါသေးတယ်။

george weah

Photo Credit : Kingaziz

ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအဖြစ် (၁၈)နှစ်တာအထိ ကျင်လည် ဖြတ်သန်းခဲ့တဲ့ ဝီယာဟာ နိုင်ငံရေး နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာလည်း လိုက်ဘေးရီးယားနိုင်ငံရဲ့ (၂၅)မြောက် သမ္မတအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိနေပါတယ်။ ဂျော့ရှ် ဝီယာက ၂၀၁၈ခုနှစ် ဇန်နဝါရီ (၂၂)ရက်နေ့ကနေ စတင်ပြီး လိုက်ဘေးရီးယား သမ္မတအဖြစ် တာဝန်ယူထားခဲ့တာ လက်ရှိအချိန်အထိဖြစ်ပြီး ဝီယာရဲ့ သမ္မတ သက်တမ်းဟာလည်း (၆)နှစ်နီးပါးလောက် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

dad and son weah

Photo Credit : Calciomercato

ဘောလုံးသမား တစ်ဦးအဖြစ်နဲ့ ဘဝကို ဖြတ်သန်းနေချိန်တုန်းက FIFA World Player of the Year နဲ့ Ballon d’Or ဆုတို့ကို သိမ်းပိုက် ရယူနိုင်ခဲ့ပြီး ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ အာဖရိက GOAT ကြီးတစ်ဦးက ဘောလုံးသမားကနေ နိုင်ငံ သမ္မတဖြစ်လာနိုင်တာက တကယ်ကို ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုလို့ ယူဆရမှာပဲ ဖြစ်ပါတယ်။ ဝီယာလို အာဖရိက ဘောလုံးဘုရင်ကြီး တစ်ဦးက လက်ရှိမှာ ဘောလုံးလောကနဲ့ အဆက်ပြတ်သွားခဲ့ပေမယ့် သူရဲ့ ရင်သွေးတစ်ဦးဖြစ်သူ တင်မိုသီ ဝီယာကတော့ ဒီနွေမှာပဲ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး သူ့ဖခင် ကျင်လည်ခဲ့ဖူးတဲ့ စီးရီးအေပြိုင်ပွဲမှာ ဖြတ်သန်းရတော့မှာပဲ ဖြစ်ပါတယ်။

Featured Photo : Youtube