ခန္ဓာကိုယ်မှာ Belly Fat လို့ခေါ်တဲ့ ဗိုက်ခေါက်အဆီတွေက ကျန်းမာရေးအရ အန္တရာယ်များသလို ရုပ်ပိုင်းဆိုင်ရာအရလည်း ကြည့်ကောင်းမှုကို ဖျက်ဆီးနိုင်ပါတယ်။ ကျန်းမာရေးဘက်က ပြောမယ်ဆိုရင် နှလုံး ၊ သွေးတိုး ၊ ဆီးချိုနဲ့ တချို့ ကင်ဆာလိုမျိုး အသက်ဘေးကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါဆိုးကြီးတွေ ဖြစ်စေနိုင်လို့ Belly Fat တွေ မတက်အောင် နေထိုင်ဖို့ လိုပါတယ်။ ဒါကြောင့်ပဲ Belly Fat တွေ ဖယ်ရှားနိုင်ဖို့ လိုက်နာသင့်တဲ့ အဆင့်လေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) တစ်ပတ် အနည်းဆုံး ၂ နာရီခွဲ အားကစားလုပ်ပါ

Workout Man

Photo: Unsplash

မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ (ဥပမာ- ရွရွပြေးတာ ၊ အဖွဲ့လိုက် ကခုန်တာ ၊ ဘတ်စကတ်ဘောကစားတာလိုမျိုး) ကို တစ်ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လုပ်ဖို့ ဆရာဝန်တွေက ညွှန်ကြားကြပါတယ်။ ကျန်းမာကြတဲ့ အရွယ်ရောက်သူတွေအတွက် တစ်ရက်ကို အနည်းဆုံး မိနစ် ၂၀ ၊ နာရီဝက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့ လိုပါတယ်။ ဝိတ်မ,တာလိုမျိုး Strength Training တွေကိုလည်း တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။

Duke University ရဲ့ လေ့လာမှုအရ ဗိုက်ခေါက်ကျအောင် Belly ကစားတာလိုမျိုး Resistance Training တွေနဲ့တင် ဗိုက်အဆီပြဿနာ ရှင်းထုတ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်ပတ် ၄ ကြိမ် အေရိုးဗစ်ကစားတာနဲ့ဆိုရင် ဗိုက်ခေါက်အဆီစုဝေးမှုကို ထိထိရောက်ရောက် လျှော့ချနိုင်မှာဖြစ်ပါတယ်။

(၂) Diet စားသုံးမှု စနစ်ကျပါစေ

Salad

Photo: Unsplash

ကျန်းမာရေးနဲ့ ညီအောင် စားသောက်ဖို့ ဆိုတဲ့ တိုက်တွန်းချက်ဟာ ကြားရဖန်များလွန်းလို့ ရိုးအီနေလောက်ပါပြီ။ ဒါပေမယ့်လည်း အစားအသောက်ကြောင့် လူတွေ ရောဂါဝင်နိုင်ခြေကို လျှော့မတွက်သင့်ပါဘူး။ ဗိုက်အဆီတက်စေတဲ့ နံပါတ်တစ်ရန်သူစာရင်းမှာ သကြားကို ထည့်ပြောကြပါတယ်။ ကျွန်တော်တို့ မသိလိုက်ဘဲ လွန်လွန်ကဲကဲ စားသုံးလိုက်တဲ့ သကြားတွေကြောင့် ဗိုက်အဆီတက်နိုင်ပါတယ်။

သကြားဟာ အာဟာရရှိတယ်လို့ ပြောနေကြတဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ချောင်းမြောင်းပုန်းခိုနေတတ်ပါတယ်။ ဥပမာ – လိမ္မော်ဖျော်ရည် ၊ ပေါင်မုန့်ဖြူ ၊ ကွေကာနဲ့ ဝိုင်တို့ ဖြစ်ပါတယ်။ နောက်ထပ် သတိထားရမှာက ကျန်းမာတဲ့အဆီနဲ့ မကောင်းတဲ့အဆီ ဖြစ်ပါတယ်။ အစားအသောက် ထုတ်လုပ်သူတွေသုံးကြတဲ့ အစားအစာတွေ လတ်ဆတ်ပြီး တာရှည်ခံအောင် သုံးနေကြတဲ့ Hydrogenated Oil ၊ ပန်းနှမ်း Canola ဆီ ၊ ဟင်းရွက်ဆီ ၊ မာဂျရင်း နဲ့ ထောပတ်ထုတ်ကုန်တုတွေမျိုးကတော့ မဖြစ်မနေ ရှောင်ကြဉ်ဖို့ လိုပါတယ်။

(၃) အိပ်စက်မှု ဟန်ချက်ရှိထားပါ

Sleep

Photo: Unsplash

အိပ်ချိန်နည်းလွန်းခြင်း နဲ့ များလွန်းခြင်း နှစ်မျိုးစလုံးက အူနဲ့ ဝမ်းဗိုက်တစ်ဝိုက်က အဆီတွေပေါ် သက်ရောက်မှုရှိပါတယ်။တစ်ရက် ၅ နာရီနဲ့ အောက် အိပ်သူတွေ ၊ ၈ နာရီနဲ့ အထက် အိပ်သူတွေဟာ ပုံမှန် ၆ နာရီနဲ့ ၇ နာရီအတွင်း အိပ်သူတွေထက် ဗိုက်ဆီ ပိုတက်စေနိုင်ပါတယ်။ ဗိုက်ဆီလျှော့ဖို့ဆို အိပ်ချိန်လည်း မျှအောင် ထားဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း တစ်ပတ် ၂ ပေါင်ထက် မပိုဘဲ ဝိတ်ချတာမျိုး လုပ်ဆောင်သင့်ပါတယ်။

အခုပြောတဲ့အချက်တွေကို နေ့စဉ် ပုံမှန်စွဲစွဲမြဲမြဲ လုပ်ဆောင်သွားရင်ကို ပိုလျှံဗိုက်အဆီတွေ လျှော့ချပေးနိုင်ပြီး ရောဂါဘယတွေ အဖြစ်နည်းစေမှာ ဖြစ်ပါတယ်။

Featured Photo: Men’s Health