ဘီယာဗိုက်နဲ့ ဘော်ဒါတို့ရေ… စိတ်ရှိလက်ရှိ ဘီယာတွေ အဝကစ်ပြီးကာမှ လအတော်ကြာတဲ့အခါ ဗိုက်က ဘီယာဗိုက်လို ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ ဘီယာဗိုက် ဖြစ်ရခြင်းရဲ့တရားခံက တကယ်တော့ ဘီယာတစ်ခုတည်း မဟုတ်ပါဘူး။ လေ့ကျင့်ခန်း မှန်မှန် မလုပ်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအစာများ စးသုံးခြင်း၊ ဘီယာသောက်နေစဉ်မှာ ဆီကြော်စာများကို အမြည်းနဲ့ တွဲစားခြင်း စတဲ့ အချက်တွေကြောင့်လည်း ပါပါတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့တော့။ မိမိအိမ်မှာ မိနစ် ၂၀ လောက် အချိန်ပေးရုံမျှနဲ့ ၂၈ ရက်အတွင်းမှာ ဝမ်းဗိုက်အဆီများ သိသိသာသာလျော့ကျသွားစေမယ့် ထိရောက်တဲ့ အိမ်တွင်းလေ့ကျင့်ခန်းများ ရှိပါတယ်။

လေ့ကျင့်ခန်း (၁)

Photo Source: Focusfitness.net

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် ညာခြေကို ၉၀ ဒီဂရီ ပင့်တင်ကာ ခုန်ပါ။ ခြေထောက်ပြန်ချ ဘယ်ခြေကို ၉၀ ဒီဂရီ ပင့်တင်ကာ ခုန်ပါ။ ထိုကဲ့သို့ ဘယ်ညာတစ်လှည့်စီ ခုန်နေစဉ်မှာ ဝမ်းဗိုက်ကြွက်သားကို ညှစ်ထားရပါမယ်။

ဘယ်ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး အကြိမ်ရေ ၂၀ ပြည့်အောင် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

Photo Source: Pinterest.com

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ညာခြေကို ၉၀ ဒီဂရီကွေးညွှတ်ကာ ဘယ်ခြေကို အနောက်ပစ်ပါ။ ညာခြေပြန်ဆန့်တဲ့အချိန်မှာ ဘယ်ခြေကို အပေါ်သို့ ၉၀ ဒီဂရီ ပင့်တင်လိုက်ပါ။ အကြိမ် ၂၀ ပြုလုပ်ပါ။

တစ်ဖန် ဘယ်ခြေ ညာခြေ ပြောင်းကာ နောက်ထပ် အကြိမ် ၂၀ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း (၃) ကိုတော့ လေ့ကျင့်ခန်း (၁) အတိုင်း အကြိမ် ၂၀ ပြည့်အောင် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

Photo Source: Skimble.com

လေ့ကျင့်ခန်း ပြုလုပ်တဲ့ ဖျာပေါ်မှာ ဒူးခေါင်းကွေးထားကာ လှဲလျောင်းနေပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သား အသုံးပြုပြီး အိပ်ထမတင် အကြိမ်ရေ ၂၀ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

Photo Source: Healthline

လေ့ကျင့်ခန်း ပြုလုပ်တဲ့ ဖျာပေါ်မှာ ဒူးခေါင်းကွေးထားပါ။ ခါးကိုတော့ မတ်မတ်ထိုင်တာမျိုးမဟုတ်၊ ကြမ်းပြင်ပေါ်မှာ လှဲချတာမျိုးမဟုတ်ဘဲ တစ်ဝက်အနေအထားခန့် ထားထားပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သား အသုံးပြုပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ ဟိုဘက်ဒီဘက် လှည့်ပေးပါ။

ဘယ်ညာတစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပါမယ်။ အကြိမ်ရေ ၂၀ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

Photo Source: Skimble.com

လေ့ကျင့်ခန်း (၆) ကိုတော့ လေ့ကျင့်ခန်း (၄) အတိုင်း အိပ်ထမတင် အကြိမ်ရေ ၂၀ ပြုလုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါက ၂၈ ရက်ကြာတဲ့အခါ ဝမ်းဗိုကအဆီများ ပျောက်သွားပြီး ရေရှည်စွဲလုပ်ပေးပါက Six Packs များနဲ့ ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

Source: Pinterest.com