ဘောက်ဆင်လို့ခေါ်တဲ့ လက်ဝှေ့ကစားနည်းက လက်သီးထိုးဖြောင့်ရုံသက်သက်ကစားရတဲ့ ကစားနည်းတစ်ခု မဟုတ်ပါဘူး။ ဘောက်ဆင်ကစားတယ်ဆိုတာ ဟန်ချက်ညီမှု ၊ ခံနိုင်ရည် ၊ ခွန်အား၊ လျင်မြန်တဲ့ လှုပ်ရှားမှုတွေနဲ့ ပြိုင်ဘက်ကို တိုက်ခိုက်ရုံတင်မက ကာကွယ်ရေးဘက်ကိုလည်း အဓိကအလေးထားရတဲ့ ဗျူဟာကျကျ ကိုယ်ခံပညာ အားကစားတစ်ရပ် ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘောက်ဆင်စ ကစားမယ့် ကွီးတို့အနေနဲ့ လေ့ကျင့်မှုမှန်ကန်ပြီး ထိရောက်စွာ ကစားနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ခေါင်းမော့ထားပါ

Photo : Muscle & Fitness

ဘောက်ဆင်စကစားတဲ့ beginners အများစု မှားတက်တဲ့ အမှားတစ်ခုပါပဲ။ သဲအိတ် သို့မဟုတ် Boxing Pads တွေထိုးတဲ့ချိန်မှာ ကြမ်းပြင်ကိုပဲ ကြည့်နေတာက အမှားကြီးတစ်ခုပါ။ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှု/ တည်နေရာတွေကို သိနိုင်ဖို့ ခေါင်းမော့ထားပြီး ရှေ့တည့်တည်ကို အာရုံစိုက်ထားဖို့ လိုပါတယ်။ လက်ဝှေ့ထိုးတဲ့အခါ ကိုယ့်ရှေ့တည့်တည့်ကို သေချာမြင်ရဖို့ ခေါင်းကိုမော့ထားပြီး ထိုးဖို့အရေးကြီးပါတယ်။

(၂) အသက်ရှုပါ

Concentrated young man box training by himself in the gym

Photo : Unsplash

လက်ဝှေ့ထိုးတဲ့အခါတိုင်းမှာ အသက်ရှု့ဖို့ လုံးဝမေ့ မထားပါနဲ့။ လက်ဝှေ့ထိုးနေစဉ် အသက်ရှု တာက စည်းချက်ကျကျနဲ့ ထိုးချက်တွေမှာ ပိုပြီးအားပါစေတဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် စွမ်းအင်လည်းပိုမိုရရှိစေပါတယ်။ သက်လုံပိုင်းမှာလည်း ပိုကောင်းစေတဲ့အတွက် အမောခံနိုင်ပြီး ခွန်အားအပြည့်နဲ့ ထိထိရောက်ရောက်ဆော့ကစားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ကိုယ်နေဟန်အထားမှန်ကန်ပါစေ

Photo : Warrior Punch

လက်ဝှေ့ကစားတဲ့အခါ ကိုယ်နေဟန်အထားက အရမ်းအရေးကြီးပါတယ်။ လက်ဝှေ့အိတ်ကို ထိုးတာဖြစ်ဖြစ် Pad Drills ကစားတာပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားကိုထိန်း ထားမယ်ဆိုရင် ပိုမိုအားကောင်းတဲ့ လက်သီးထိုးချက်တွေ ပစ်လွှတ်နိုင်မှာဖြစ်သလို ပြောင်းလွယ်ပြင်လွယ်ရှိပြီး လျင်မြန်စွာလှုပ်ရှားနိုင်အတွက် ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေကိုလည်း အကောင်းဆုံး ရှောင်တိမ်းခုခံနိုင်မှာ ဖြစ်ပါတယ်။

(၄) ဖြည်းဖြည်းချင်းစတင်ပါ

Photo : Men’s Health

ဘောက်ဆင်ကစားနည်းက တခြားအားကစားနည်းတွေလိုပဲ လေ့ကျင့်မှုပိုင်းမှာ စိတ်ရှည်ရှည်နဲ့ တဖြည်းဖြည်းချင်း စတင်ဖို့ အရေးကြီးပါတယ်။ စကစားတဲ့ ပထမရက်မှာပဲ အလွန်အကျွံကစားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာ ပင်ပန်းပြီး ပုံကျသွားနိုင်ပါတယ်။ ဒါကြောင့် ဘောက်ဆင်စ ကစားမယ်ဆိုရင် လက်ပတ်တီးစည်းနည်းကစလို့ အခြေခံလေ့ကျင့်ခန်းတွေ ၊ ထိုးချက်ကန်ချက် ၊ လှုပ်ရှားမှုတွေနဲ့ ကိုယ်ဟန်အနေအထားတွေကို ကောင်းကောင်းလေ့ကျင့်သင်ယူပြီး ဖြည်းဖြည်းချင်းစတင်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Verywell Fit